နိုင်ငံတကာ အကူအညီအဖြစ် တောင်ကိုရီးယားက မြန်မာသို့ ဆန်တန်ချိန် ၅၀၀ ပေးပို့မည်

နိုင်ငံတကာ အကူအညီအဖြစ် တောင်ကိုရီးယားက မြန်မာသို့ ဆန်တန်ချိန် ၅၀၀ ပေးပို့မည်

အရှေ့တောင်အာရှဒေသက ဖွံ့ဖြိုးဆဲနိုင်ငံတွေဖြစ်ကြတဲ့ မြန်မာနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့အတွက် အကူအညီပေးတဲ့အနေနဲ့ တောင်ကိုရီးယားက ဆန် တန်ချိန်ပေါင်းများစွာ ပေးပို့ပေးသွားမယ့်လို့    တောင်ကိုရီးယားစိုက်ပျိုးရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး ကိုရီးယားသတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

ယခု ထောက်ပံ့မှုနဲ့အတူ ယင်းနိုင်ငံရဲ့ သမိုင်းတစ်လျှောက် ပထမဆုံးသော နိုင်ငံတကာ အကူအညီပေးရေးအစီအစဉ်တစ်ခုကို ဖော်ဆောင်လိုက်ခြင်းဖြစ်ကြောင်း တောင်ကိုရီးယား စိုက်ပျိုးရေးဝန်ကြီးဌာနက မေလ ၁၈ ရက်မှာ ထုတ်ပြန်ပါတယ်။

ဆန်တန်ချိန် ၂၅၀ တင်ဆောင်လာတဲ့ ကွန်တိန်နာ သင်္ဘောတစ်စင်းဟာ မေလ ၁၈ ရက်မှာပဲ ကမ္ဘောဒီးယား ဆိပ်ကမ်း Sihanoukville ကို ဦးတည်ထွက်ခွာသွားပြီ ဖြစ်သလို ကျန်တဲ့ ဆန်တန်ချိန် ၅၀၀ ကိုလည်း လာမယ့် မေလ ၁၉ ရက်နေ့မှာ မြန်မာနိုင်ငံဆီ ပေးပို့သွားမှာဖြစ်တယ်လို့ တောင်ကိုရီးယားရဲ့ လယ်ယာစိုက်ပျိုးရေး၊ အစားအစာနဲ့ ကျေးလက်ရေးရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ယခုအစီအစဉ်ကိုတော့ အာဆီယံနဲ့ (တောင်ကိုရီးယား၊ဂျပန်၊တရုတ်- အရှေ့မြောက်အာရှသုံးနိုင်ငံ )တို့ရဲ့အစည်းအဝေးရဲ့ အတည်ပြုချက်အရ ဆောင်ရွက်တာဖြစ်ပါတယ်။

တောင်ကိုရီးယားတို့အတွက်ကတော့ အစိုးရပိုင် ဆန်သိုလှောင်ကုန်တွေကို နိုင်ငံတကာအကူအညီအဖြစ် တတိယနိုင်ငံတွေဆီကို ပေးပို့လှူဒါန်းတာ ယခုအကြိမ်ဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့လည်း အဆိုပါ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

တောင်ကိုရီးယားတို့အနေနဲ့ ယမန်နှစ်တုန်းက ဆန်ထုတ်လုပ်မှု တန်ချိန် ၄ ဒသမ ၂ သန်းရှိခဲ့ပြီး ဆန်စားသုံးမှုက ၃ ဒသမ ၉ သန်း သာရှိခဲ့တာကြောင့် တန်ချိန် သုံးသိန်းလောက် ပိုလျှံနေခဲ့တယ်လို့ သိရပါတယ်။ အလားတူ ယခုနှစ် ၂၀၁၇ မှာလည်း ဆန်တန်ချိန်ပေါင်း နှစ်သိန်းလောက် ပိုလျှံဖို့ ရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly