ဦးဝီရသူအကြောင်းရိုက်ကူးထားသည့် မှတ်တမ်းရုပ်ရှင် ကိန်းရုပ်ရှင်ပွဲတော်တွင်ပြသမည်

ဦးဝီရသူအကြောင်းရိုက်ကူးထားသည့် မှတ်တမ်းရုပ်ရှင် ကိန်းရုပ်ရှင်ပွဲတော်တွင်ပြသမည်

ဆရာတော်ဦးဝီရသူအကြောင်း အထုပ္ပတ္တိဆန်ဆန် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကို ပြင်သစ်နိုင်ငံကိန်း ရုပ်ရှင်ပွဲတော်မှာ ပြသသွားမယ်လို့ သိရပါတယ်။

ဒီရုပ်ရှင်ကို ဆွစ်ဇာလန်ဒါရိုက်တာ ဘားဘတ်က ရိုက်ကူးတာဖြစ်ပြီး ဇွန်လ ၇ ရက်နေ့မှာ ပြသသွားမှာ ဖြစ်ပါတယ်။ တရားဝင်ရုံတင်မှာကတော့ ဒီ မေလ၂၀ ရက်ပါ။

ဒီဇာတ်ကားထဲမှာ အနုတ်သဘောဆောင်တဲ့အချက်က၂၀ရာခိုင်နှုန်းပါဝင်ပြီး ၈၀ရာခိုင်နှုန်းကိုတော့ ကျေနပ်တယ်တယ်လို့ ဆရာတော်ဦးဝီရသူက မိန့်ကြားကြောင်း အနီးနေတပည့်တစ်ဦးက ပြောပါတယ်။

အနုတ်သဘောဆောင်တဲ့ အချက်တွေကတော့ မန္တလေးမှာ မူဆလင်တွေ နေစရာစားစရာမရှိအောင် လုပ်ပြမယ်လို့ ဦးဝီရသူက မိန့်ကြားတဲ့ အချက်။ မန္တေလေးမှာ ဖြစ်ပွားတဲ့ အဓိကရုဏ်းက ဦးဝီရသူပေးတဲ့ သတင်းအမှားကြောင့်ဖြစ်ပွားတယ်ဆိုတဲ့ ဦးဝီရသူအကြောင်း စာအုပ်ရေးသားသူ ကျော်ဇေယျာထွန်းရဲ့ သုံးသပ်ချက်။ နောက်တစ်ချက်ကတော့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ ပါဝင်ခဲ့တယ်လို့ မိန့်ကြားတာကို ဒါရိုက်တာက နားလည်မှုလွဲသွားခဲ့တယ်လို့ မိန့်ကြားကြောင်း အနီးနေတပည့်တစ်ဦးက ပြောပါတယ်။

ကျန်တဲ့အချက်တွေကိုတော့ဆရာတော်က အားရတယ်လို့ဆိုပါတယ်။ ဒါပေမယ့် ဇာတ်လမ်းအဆုံးသတ်ကတော့ ဆရာတော်ကို လျှောက်ထားတဲ့အတိုင်းမဟုတ်ဘူးလို့ အနီးနေ တပည့်တစ်ဦးက ပြောပါတယ်။

ဒီရုပ်ရှင်ထဲမှာ ဆရာတော်ဦးဝီရသူ ထောင်ကထွက်တဲ့အချိန် မိန့်ကြားခဲ့တဲ့မိန့်ခွန်းတွေ၊ ဆရာတော်ဦးဝီရသူရဲ့ အင်တာဗျူးတွေ ပါဝင်ပါတယ်။

ဒီရုပ်ရှင်နဲ့ပတ်သက်ပြီး တယ်လီရာမာ ရုပ်ရှင်ဝက်ဘ်ဆိုက်က အညွှန်းရေးသားထားရာမှာတော့  

“မြန်မာနိုင်ငံမှာတော့ မဘသ ဆရာတော် ဦးဝီရသူအနေဖြင့် ၎င်း၏ ဒါယကာ ဒါယကာမတို့၏ ကြည်ညိုခြင်းခံရသော ဗုဒ္ဓရဟန်းတော်တစ်ပါး ဖြစ်သော်ငြားလည်း တစ်ဘက်မှာလည်း ၎င်း၏ မွတ်ဆလင်ဆန့်ကျင်ရေး တရားတွေကြောင့်လည်း အန္တရာယ်ပေးနိုင်သူတစ်ဦးလည်း ဖြစ်နေလျက်ရှိပါတယ်။

ဒါရိုက်တာ Barbet Schroeder အနေနဲ့ကတော့ သူရိုက်ခဲ့တဲ့ ကားတွေဖြစ်တဲ့ General Idi Amin Dada: self-profile" နဲ့ "Terror's advocate" တို့နဲ့ စထားခဲ့တဲ့ ဇာတ်လမ်းဝတ္ထုနောက်ဆုံးအပိုင်းကို ယခု ဇာတ်ကားနဲ့ အဆုံးသတ်လိုက်ပါတယ်။

ယခု ဦးဝီရသူ အကြောင်း ရိုက်ကူးထားတဲ့ မှတ်တမ်းဇာတ်ကားကိုတော့ လာမယ့် ဇွန်လ ၇ ရက်မှာ တရားဝင် ပြသသွားတော့မှာ ဖြစ်ပြီး ယင်းမတိုင်မီ ယခု ကိန်းရုပ်ရှင်ပွဲတော်မှာ အထူးအစီအစဉ်အနေနဲ့ တင်ဆက်ဖို့ရှိနေတာဖြစ်ပါတယ်” လို့ ဖော်ပြထားတာပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required