လစာမြင့်မားစွာဖြင့် ကမ်းလှမ်းတတ်သည့်အသင်းများနှင့် စျေးကွက်အတွင်း ပိုချက်တီနိုပြိုင်ဆိုင်မည်မဟုတ်

လစာမြင့်မားစွာဖြင့် ကမ်းလှမ်းတတ်သည့်အသင်းများနှင့် စျေးကွက်အတွင်း ပိုချက်တီနိုပြိုင်ဆိုင်မည်မဟုတ်

မေ ၁၈၊ လန်ဒန်။            ။ အပြောင်းအရွှေ့ပစ်မှတ်ကို လစာမြင့်မားစွာဖြင့်ကမ်းလှမ်းလေ့ရှိသည့်အသင်းများနှင့် ဈေးကွက်အတွင်းပြိုင်ဆိုင်မည်မဟုတ်ဟု စပါးနည်းပြပိုချက်တီနိုက ပြောသည်။

စပါးအသင်းသည် ပရီးမီးယားလိဂ်ဒုတိယအဖြစ်ဖြင့် ချန်ပီယံလိဂ်အုပ်စုအဆင့်ကိုနှစ်နှစ်ဆက်ဝင်ခွင့်ရမည်ဖြစ်သော်လည်း ယင်းမှာ လိုချင်သည့်ကစားသမားများကို ဆွဲဆောင်ရန်မလုံလောက်ဟု ပိုချက်တီနိုက ပြောသည်။

“ကလပ်တချို့က လစာနှစ်ဆပေးနေတာတွေ ရှိလာတဲ့နောက်မှာတော့ ကစားသမားတွေယုံကြည်လာအောင် ဘယ်လို လုပ်နိုင်ပါတော့မလဲ။ ထိပ်သီးကစားသမားတွေနဲ့စကားပြောတဲ့အခါ ခင်ဗျားဘယ်လောက်ပေးမလဲဆိုတဲ့အပေါ်ပဲ မူတည်နေတော့ တယ်”ဟု အာဂျင်တီးနားလူမျိုးက ပြောသည်။

ဆက်လက်၍ အသက် ၄၅ နှစ်အရွယ်နည်းပြက “လူငယ်ကစားသမားတွေလိုအပ်တယ်။ တခြားကလပ်ထက် ကျွန်တော်တို့ဆီ လာချင်တဲ့ အင်္ဂလန်ကွင်းလယ်ကစားသမား ဒယ်လီ အယ်လီလိုမျိုးပေါ့။

အခု ထိပ်တန်းခြေစွမ်းရလာတဲ့၊ အင်္ဂလန်ရဲ့အရေးကြီးဆုံးတစ်ယောက်ဖြစ်လာတဲ့ ဒယ်လီအပေါ်မှာ ဘယ်သူက စွန့်စားမှုကြီး လုပ်ခဲ့လဲ။ ဘယ်သူတွေ စွန့်စားခဲ့ကြလဲ၊ ကျွန်တော်တို့ပါ”ဟု ပြောသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly