ပါရီ၊ သြဂုတ် ၁ ။ ။ ပျောက်ဆုံးခဲ့သည့် မလေးရှားလေကြောင်းလိုင်း၏ ဘိုးအင်း-၇၇၇လေယာဉ်နှင့် သက်ဆိုင်နိုင်သည့် လေယာဉ်အပျက်အစီးကို သယ်ဆောင်သွားသော ပြင်သစ်လေယာဉ်မှာ ပါရီသို့ရောက်ရှိသွားပြီဟု သိရသည်။၎င်းအပျက်အစီး၏ ဇစ်မြစ်ကို စုံစမ်းစစ်ဆေးရေးမှူးများက လေ့လာမည်ဖြစ်သည်။ ယင်းအပျက်အစီးမှာ အိန္ဒိယသမုဒ္ဒရာရှိ ပြင်သစ်ပိုင် ရီယူနီယန်ကျွန်းပေါ်လာ တင်နေသည်ကို တွေ့ခဲ့ရခြင်းဖြစ်သည်။
ရိုက်တာနှင့် အေအက်ဖ်ပီတို့က ဖော်ပြချက်အရ အပျက်အစီးကို သယ်ဆောင်လာသော လေယာဉ်သည် အော်လီလေဆိပ်သို့ ဂရင်းနစ်စံတော်ချိန် ၄နာရီ ၁၇မိနစ်တွင် ရောက်ရှိခဲ့သည်။ ၎င်းအပျက်အစီး ကို လေယာဉ်အပျပ်အစီးကို အထူးလေ့လာသော တူလောက်မြို့၏ အနီး စစ်စခန်းတစ်ခုသို့ ပို့မည်ဖြစ်သည်။
၂၀၁၄ခုနှစ် မေလက မလေးရှားလေကြောင်းလိုင်း၏ MH370 လေယာဉ်သည် ခရီးသည်နှင့် လေယာဉ်အမှုထမ်း ၂၃၉ဦးတင်ဆောင်ကာ ကွာလာလမ်ပူမှ ပေကျင်းသို့သွားရာလမ်းကြောင်းတွင် လမ်းကြောင်းပြောင်းကာ ပျောက်ဆုံးခဲ့သည်။