တရုတ်စစ်င်္ဘော နှစ်နိုင်ငံ ချစ်ကြည်ရေးအဖြစ် ၅ ကြိမ်မြောက် ရောက်ရှိလာ

တရုတ်စစ်င်္ဘော နှစ်နိုင်ငံ ချစ်ကြည်ရေးအဖြစ် ၅ ကြိမ်မြောက် ရောက်ရှိလာ

မေလ ၁၈ ။            ။ တရုတ်၊မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို ဖော်ပြသည့်အနေဖြင့်  ၅ ကြိမ်မြောက် ရောက်ရှိသည့် တရုတ်ရေတပ်စစ်သဘောၤသည် မေလ ၁၈ ရက်နေ့တွင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းကို မနက်၈နာရီတွင်  ရောက်ရှိခဲ့သည်။

နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်သွားရန်လည်း ဆန္ဒရှိသည်ဟု တရုတ်စစ်သဘောၤရဲ့ အရာရှိက ပြောသည်။

"ကျွန်တော်တို့ရေတပ်နှစ်ဦးနှစ်ဖက်ရဲ့ဆက်ဆံရေးဟာ နှစ်နိုင်ငံရဲ့ဆက်ဆံရေးကိုအခြေခံပြီးတော့ တိုးတက်လာမှာဖြစ်ပါတယ်။ တရုတ်မြန်မာရေတပ် နှစ်ဦးနှစ်ဖက်ရဲ့ ချစ်ခင်ရင်းနှီးမှုဟာ   နှစ်နိုင်ငံအတွက်၊ နောက်ပြီးတော့ ဒေသအတွင်းငြိမ်းချမ်းမှုကိုပါ အကျိုးပြုနိုင်မှာ ဖြစ်ပါတယ်။ နှစ်နိုင်ငံရေတပ်တွေ ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိပါတယ်"ဟု တရုတ်စစ်သဘောၤအရာရှိက ပြောသည်။

တရုတ်ရေတပ်စစ်သဘောၤသည် ဧပြီ၂၃ရက်နေ့တွင် ရှန်ဟိုင်းမြို့မှ စတင် ထွက်ခွာလာခဲ့ပြီး ဗီယက်နမ်၊ မလေးရှား၊ဖိလစ်ပိုင်နိုင်ငံတို့ ရောက်ရှိခဲ့ပြီးပြီဟု သိရသည်။ မြန်မာနိုင်ငံကို ရောက်ရှိသည့် ၃ရက်တာကာလမှာ မြန်မာနိုင်ငံအစိုးရနှင့်တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်သွားမည်ဟု   တရုတ်စစ်သဘောၤအရာရှိက ပြောသွားခဲ့ပါသည်။

"ကျွန်တေ်ာတို့အနေနဲ့ မြန်မာနိုင်ငံအစိုးရ အရာရှိတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ နှစ်ဦးနှစ်ဖက် စစ်ရေးဖလှယ်မှု ဘောလုံးကန်ပွဲတွေလည်း လုပ်သွားဖို့ ရှိပါတယ်"ဟု ဆက်ပြောသည်။

တရုတ်ရေတပ်စစ်သဘောၤကို မြန်မာရေတပ်အရာရှိတွေနှင့် တရုတ်သံရုံးမှ တာဝန်ရှိသူတွေ နှင့် မြန်မာနိုင်ငံမှာ လာရောက်အလုပ်လုပ်ကိုင်နေသော တရုတ်လူမျိုးတွေက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။ တရုတ်ရေတပ် စစ်သဘောၤနှစ်စင်းဟာ မေလ၂၁ ရက်နေ့တွင် ရန်ကုန်မြို့မှ ပြန်လည် ထွက်ခွာမှာသွားမည်ဟု သိရသည်။ အဆိုပါ တရုတ်ရေတပ်စစ်သဘောၤသည် တောင်အာရှ၊  အာဖရိကနှင့် သြစတေးလျနိုင်ငံတို့ကို သွားရောက်လည်ပတ်မည်ဟု သိရပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required