၂၀၁၇-၁၈ ဘောလုံးရာသီတွင် ပိုကောင်းလာမည်ဟု အမ်ဘတ်ပီကတိပြု

၂၀၁၇-၁၈ ဘောလုံးရာသီတွင် ပိုကောင်းလာမည်ဟု အမ်ဘတ်ပီကတိပြု

မေ ၁၈၊ မိုနာကို။ ။            ။ ပီအက်စ်ဂျီအသင်း၏ လွှမ်းမိုးမှုကိုအဆုံးသတ်ပြီး မိုနာကိုအသင်းပြင်သစ်ချန်ပီယံဖြစ်အောင်ကူညီပေးပြီးနောက် လာမည့်ရာသီတွင် ပိုကောင်းလာဦးမည်ဟု အမ်ဘတ်ပီက ကတိပြုလိုက်သည်။

ပြင်သစ်လိဂ်-၁ ဖလားကို ပီအက်စ်ဂျီအသင်းလေးနှစ်ဆက်တိုက်ရထားနိုင်မှုကို အမ်ဘတ်ပီနှင့် ငယ်ရွယ်သည့်ကစားများ ပါဝင်သည့် မိုနာကိုအသင်းက အဆုံးသတ်ပစ်နိုင်ခဲ့ခြင်းဖြစ်သည်။

စိန့်အက်တီယန်ကို ၂-၀ ဂိုးဖြင့် နိုင်ပြီး ၂၀၀၀ ခုနှစ်နောက်ပိုင်း မိုနာကိုအသင်း ချန်ပီယံဆုကို ပထမဆုံးအကြိမ်ပြန်လည်ရယူနိုင်ခဲ့ သည့်ပွဲတွင် အမ်ဘတ်ပီက ဂိုးသွင်းယူပေးနိုင်ခဲ့သည်။

လိဂ်ဂိုး ၁၅ ဂိုးသွင်းနိုင်ခဲ့သည့် အသက် ၁၈ နှစ်အရွယ်ကစားသမားကို ဥရောပထိပ်သီးကလပ်များက စိတ်ဝင်စားနေကြသည်။

“ပြီးခဲ့တဲ့နှစ် ယူ-၁၉ ပြိုင်ပွဲမှာဗိုလ်စွဲတော့ အမေက ‘အားလုံးကောင်းပါတယ်၊ ဒါပေမဲ့ ကလေးတွေနဲ့ဖြစ်နေတယ်’ လို့ ပြောတယ်။ အဲဒီတော့ ကျွန်တော်က တစ်နှစ်ပဲအချိန်ပေးပါ၊ လူကြီးအသင်းနဲ့ ဖလားထပ်ယူပြမယ်လို့ အမေ့ကို ပြန်ပြောခဲ့တယ်။

နောက်တစ်နှစ်မှာလည်း ပိုကောင်းတဲ့ရာသီဖြစ်လာဦးမယ်လို့ ကျွန်တော်ကတိပေးပါတယ်။ ကျွန်တော်တို့ဟာ အမြဲတမ်း ရည်မှန်းချက်ကို မြင့်မြင့်ထားရပါမယ်။ မဟုတ်ရင် တိုးတက်မှာမဟုတ်ဘူး”ဟု အမ်ဘတ်ပီက ပြောသည်။

ဆက်လက်၍၎င်းက ပျော်နေကြောင်းနှင့် အသင်းသားများအနေဖြင့် အမှတ်ပေးဖလားကို ရာသီအစကတည်းကလိုချင်ခဲ့ပြီး အောင်မြင်ခဲ့ပြီဖြစ်ကြောင်း ပြောဆိုခဲ့သည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags