ပရိသတ်များမျှော်လင့် စောင့်စားနေသည့်အတိုင်း သီချင်းအသစ်ထွက်ရှိခဲ့သည့် ဆယ်လီနာဂိုမက်ဇ်

ပရိသတ်များမျှော်လင့် စောင့်စားနေသည့်အတိုင်း သီချင်းအသစ်ထွက်ရှိခဲ့သည့် ဆယ်လီနာဂိုမက်ဇ်

ဆယ်လီနာဂိုမက်ဇ်သည် လူမှုမီဒီယာများပေါ်၌ သီချင်းအသစ် ထွက်ရှိတော့မည့်အကြောင်း ပရိသတ်များအား အသိပေးပြီးနောက် ရက်ပိုင်းအကြာတွင် Bad Liar ဟု အမည်ရသော တစ်ကိုယ်တော် သီချင်းသစ်တစ်ပုဒ်ကို ဖြန့်ချီခဲ့သည်။

အင်စတာဂရမ်ဘုရင်မတစ်ဦးဖြစ်သူ ဆယ်လီနာသည် Bad Liar သီချင်း၏ စာသားများကို အင်စတာဂရမ်၌ တင်ကာ တစ်ကမ္ဘာလုံးရှိ သူမ၏ပရိသတ်များအား နားထောင်ချင်စိတ် မြင့်တက်လာအောင် ဖမ်းစားနိုင်ခဲ့သည်။

ပရိသတ်များမျှော်လင့် စောင့်စားနေသည့်အတိုင်း ဆယ်လီနာသည် သီချင်းအသစ်ရော၊ သီချင်းဗီဒီယိုကိုပါ ဖြန့်ချီခဲ့ပြီး ယခုလောလောဆယ်တွင် Youtube ရှိ သူမ၏ တရားဝင်အကောင့်၌ ထိုသီချင်းကိုနားဆင်နိုင်ကာ သီချင်းဗီဒီယိုကိုတော့ Spotify တွင်သာ ကြည့်ရှုနားဆင်နိုင်သေးသည်။

Bad Liar သီချင်းကို ဂျက်စတင်တရန်တာ၊ ဂျူလီယာမိုက်ကယ် နှင့် အိုင်ယန်ကာ့ခ်ပတ်ထရစ်တို့က တွဲဖက် ရေးစပ်ထားခြင်းဖြစ်သည်။

Bad Lair သီချင်းသည် လွန်ခဲ့သော ဖေဖေါ်ဝါရီလက Kygo နှင့်အတူ ပေါင်းစပ်ဖန်တီးခဲ့သည့် It Ain’t Me သီချင်းထွက်ရှိအပြီးတွင် ဖြန့်ချီခဲ့သော ဆယ်လီနာ၏ နောက်ထပ်သီချင်းသစ် တစ်ပုဒ်ဖြစ်သည်။

Ref: Enews

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required