လာလီဂါဖလားရလျှင် မာလာဂါအသင်းကို ရီးယဲလ်အသင်း ယူရို တစ်သန်းပေးရမည်

လာလီဂါဖလားရလျှင် မာလာဂါအသင်းကို ရီးယဲလ်အသင်း ယူရို တစ်သန်းပေးရမည်

မေ ၁၈၊ မက်ဒရစ်။                  ။ ယခုတစ်ပတ်ကုန်တွင် ရီးယဲလ်မက်ဒရစ်အသင်း လာလီဂါဖလားရလျှင် မာလာဂါအသင်းသည် ယူရိုတစ်သန်း လက်ခံရရှိမည် ဖြစ်သည်။

မာလာဂါအသင်းသည် ၂၀၁၃ တွင် အစ္စကိုအား ရီးယဲလ်အသင်းထံယူရို ၂၇ သန်းဖြင့်ရောင်းထားပြီး ကစားသမားဖြစ်သူသည် အသင်းသစ်နှင့်ပထမငါးနှစ်အတွင်း လာလီဂါဖလားများရလျှင် ဖလားတစ်လုံး ယူရိုတစ်သန်းနှုန်းဖြင့် ယူရိုသုံးသန်းကို မာလာဂါ အသင်းကရမည်ဟု သဘောတူထားကြောင်း စပိန်တွင်သတင်းများက ဖော်ပြနေသည်။

ရီးယဲလ်အသင်းသည် အစ္စကိုရောက်လာပြီးနောက် ချန်ပီယံလိဂ်ဖလားနှစ်ကြိမ်ရထားသော်လည်း လာလီဂါဖလားရယူနိုင်ခြင်း မရှိသေး၍ ထပ်ဆောင်းပြောင်းရွှေ့ကြေးမှာ ပေးချေရခြင်းမရှိသေးပေ။

သို့သော်လည်း ဇီဒန်း၏အသင်းသည် ကြားရက်တွင် ဆယ်လ်တာဗီဂိုအသင်းကို ၄-၁ ဂိုးဖြင့်အနိုင်ရပြီးနောက် ရာသီသိမ်းပွဲစဉ်၌ တစ်မှတ်ရရုံဖြင့် လာလီဂါဖလားရမည်ဖြစ်ပြီး ယင်းပွဲမှာ အဝေးကွင်းတွင်မာလာဂါနှင့်ကစားရမည်ဖြစ်သည်။

ရီးယဲလ်အသင်း၏ဂန္ထဝင်တစ်ဦးဖြစ်သူ မိုက်ကယ်ကိုင်တွယ်နေသည့် မာလာဂါအသင်းမှာ အနည်းငယ်သာကစားရန်လိုအပ်ပြီး အဆင့် ၁၁ အတွင်းမှ ၁၃ အတွင်းဝင်နိုင်မည်ဖြစ်သည်။

ဧပြီအစောပိုင်းတွင် မာလာဂါအသင်းက ဘာစီလိုနာကို ၂-၀ ဂိုးဖြင့်အနိုင်ရပြီးနောက် မိုက်ကယ်က “ရီးယဲလ်မက်ဒရစ်အသင်း ချန်ပီယံဖြစ်လိမ့်မယ်။ ဒါပေမဲ့ ရီးယဲလ်မက်ဒရစ်က မာလာဂါတစ်ယောက်က လက်ကမ်းကူညီရဖို့လည်းရှိမယ်”ဟု ပြောဖူးသည်။

Ref; goal.com

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly