သမ္မတဦးသိန်းစိန် စစ်ကိုင်းတိုင်းသို့ ကွင်းဆင်းလေ့လာ

သမ္မတဦးသိန်းစိန် စစ်ကိုင်းတိုင်းသို့ ကွင်းဆင်းလေ့လာ

သြဂုတ် ၁ ။     ။ သမ္မတ ဦးသိန်းစိန်သည် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ထိခိုက်ပျက်စီးမှု ပမာဏကြီးမားသည့် သဘာ၀ ဘေးအန္တရာယ် ကျရောက် သောဒေသ (၄) ခု တွင် ပါဝင်သည့် စစ်ကိုင်းတိုင်း၏ အခြေနေများအား ကြည့်ရှုစစ်ဆေးရန် သြဂုတ်လ ၁ ရက်နေ့ မနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။

သဘာဝဘေးကျရောက်ရာဒေသများသို့ ကိုယ်တိုင်သွားရောက် ကြည့်ရှု စစ်ဆေးသွားမှာဖြစ်ပြီး အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းများနှင့် ဆေးနှင့်ဆေးဝါးပစ္စည်းများကိုလည်းတစ်ပါတည်း ယူဆောင် သွားကြောင်း သိရှိရပါသည်။

အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီ ဥက္ကဌ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့် အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများလည်းလိုက်ပါသွားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly