၂၀၁၈ ဂရမ်မီဆုပေးပွဲ၌ ဂျိမ်းစ်ကော်ဒန် အစီအစဉ်မှူးလုပ်ဦးမည်

၂၀၁၈ ဂရမ်မီဆုပေးပွဲ၌ ဂျိမ်းစ်ကော်ဒန် အစီအစဉ်မှူးလုပ်ဦးမည်

ဂျိမ်းစ်ကော်ဒန်သည် ၂၀၁၈ ဂရမ်မီဆုပေးပွဲတွင်လည်း အစီအစဉ်မှူးအဖြစ် ထပ်မံဆောင်ရွက်မည် ဖြစ်ကြောင်း CBS ရုပ်သံက ဗုဒ္ဓဟူးနေ့တွင် နယူးယောက်မြို့၌ ပြုလုပ်ခဲ့သော တင်ဆက်မှုတစ်ခု၌ ကြေညာခဲ့သည်။

CBS ရုပ်သံမှ ထုတ်လွှင့်သည့် Lat Late Show အစီအစဉ်၏ တင်ဆက်သူဖြစ်သော ဂျိမ်းစ်ကော်ဒန်သည် ယခုနှစ် အစောပိုင်းတွင် ကျင်းပခဲ့သော ဂရမ်ဆုပေးပွဲတွင် အစီအစဉ်မှူးအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ကာ ကြည့်ရှုသူများထံမှ ကောင်းမွန်သော မှတ်ချက်များကို ရရှိခဲ့သောကြောင့် လာမည့် ၂၀၁၈ ခုနှစ်တွင် ကျင်းပမည့် အကြိမ် ၆၀ မြောက် ဂရမ်မီဆုပေးပွဲတွင်လည်း အစီအစဉ်မှူးအဖြစ် ထပ်မံလုပ်ကိုင်ဦးမည် ဖြစ်သည်။

ပြီးခဲ့သော ဖေဖေါ်ဝါရီလက ပြုလုပ်ခဲ့သော ၅၉ ကြိမ်မြောက် ဂရမ်မီဆုပေးပွဲတွင် ဂျိမ်းစ်ကော်ဒန်သည် ကောင်းမွန်စွာ တာဝန်ယူနိုင်ခဲ့သော်လည်း သူ့အတွက် လွယ်ကူလှသည်တော့ မဟုတ်ကြောင်း သိရသည်။

လာမည့်နှစ်တွင် ပြုလုပ်မည့် အကြိမ် ၆၀ မြောက် ဂရမ်မီဆုပေးပွဲကို နယူးယောက်မြို့မှ မယ်ဒီဆန်စကွဲဂါးဒင်း၌ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ယခုလအစောပိုင်းက ကြေညာခဲ့သည်။

Ref: Variety

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required