NLD နာယက သူရဦးတင်ဦး ကျန်းမာရေးအခြေအနေ စိုးရိမ်ရဆဲ

NLD နာယက သူရဦးတင်ဦး ကျန်းမာရေးအခြေအနေ စိုးရိမ်ရဆဲ

ရန်ကုန်၊ မေ ၁၈ ။                 ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နာယက သူရဦးတင်ဦး ဦးနှောက်သွေးကြောပိတ်ဝေဒနာကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကုသမှုခံယူနေပြီး အခြေအနေမှာ စိုးရိမ်နေရဆဲဖြစ်ပြီး စိတ်မချရသေးကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ် ဒေါက်တာအေးကိုကိုက မဇ္ဈိမသို့ အတည်ပြုပြောသည်။

“ ကိုယ့်ဘက်ကို မပါသေးပါဘူးခင်ဗျ။ စိတ်မချရသေးဘူးပြောတာ။ ဦနှောက်သွေးကြောပိတ်တာ။ အသက်ကလည်းကြီးပြီဆိုတော့ ပြောလို့တော့မရဘူး။ တခြား Factor တွေလည်းရှိတယ် “ ဟု ၎င်းကပြောဆိုသည်။

နာယကကြီး ဦးတင်ဦးဟာ လက်ရှိသတင်းရေးသားသည့်အချိန် မနက် ၁၀ နာရကျော်အထိ သတိ လစ်နေဆဲဖြစ်ပြီး ရန်ကုန်ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြောအထူးကုသဌာန၊ အထူးကြပ်မတ် ကုသဆောင်၊ အပေါ်ထပ်တွင် ဆေးကုသမှုခံ ယူနေသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းက မဇ္ဈိမသို့ ပြောသည်။

NLD နာယက သူရဦးတင်ဦးသည် ယမန်နေ့  (မေလ ၁၇) ရက်နေ့ ည ၁၁ နာရီကျော်ကျော်မှာ သူ့ရဲ့ နေအိမ် ရေချိုးခန်းထဲတွင် ချော်လဲ၍ ထိခိုက်ဒဏ်ရာ ရရခြင်းကြောင့် ရွှေဂုံတိုင်ဆေးရုံကို ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။ ထိုမှတစ်ဆင့် ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ခဲ့တာဖြစ်သည်ဟု ပါတီအဖွဲ့ဝင် ဦးရန်မျိုးသိမ်း က ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

ရန်ကုန်ဆေးရုံကြီးဦးနှောက်နှင့်အာရုံကြော အထူးကုသဌာနရဲ့ အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူ နေသော ဒီချုပ်နာယက ကြီး ဦးတင်ဦး ကို MRI ရိုက်နေတယ်လို့ ဦးရန်မျိုးသိမ်း   ရေးသားချက်အရ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly