ကလေးမြို့ ရေတက်နေဆဲဖြစ်ပြီး ဒုက္ခသည်တိုးလာ

ကလေးမြို့ ရေတက်နေဆဲဖြစ်ပြီး ဒုက္ခသည်တိုးလာ
ကလေးမြို့ပေါ် ရေကြီးနေမှုအခြေအနေကို ဩဂုတ် ၁ရက်၊ နေ့လည် ၁နာရီခွဲက တွေ့ရစဉ်(ဓာတ်ပုံ - ဖိုးသား၊ မဇ္ဈိမ)

မဇ္ဈိမသတင်းဌာန ။       ။ စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ဩဂုတ် ၁ရက်မနက်ပိုင်းကစပြီး မိုးပြတ်သွားသော်လည်းရေတက်နေဆဲဖြစ် ပြီးဘေးလွတ်ရာ သို့ပြောင်းရွှေ့နေကြရသည့် ဒုက္ခသည်ဦးရေမှာလည်း ပိုမိုများပြားလာသည်ဟု ကလေးမြို့ခံ ကိုဖိုးသားက ဩဂုတ် ရက် မွန်းလွဲ ၁နာရီကျော်တွင် အတည်ပြုပြောကြားသည်။

ကလေးမြို့ပေါ်အထိ တက်လာသည့်ရေမှာ ယနေ့မနက်မှ နေ့လည်ပိုင်းအထိ ၆လက်မခန့် မြင့်တက်လာသည်ဟု ကိုဖိုးသားက ဆိုသည်။

`ဒုက္ခသည်ဦးရေက တိုးနေဆဲပါ။ အဓိကကတော့ ကျောင်းတွေမှာပေါ့။ တစ်ချို့က ဘုန်းကြီးကျောင်း၊ ဘုရားရှိခိုးကျောင်း၊ တစ်ချို့လည်း နေရာမဲ့နေဆဲပါ´ ဟု ကိုဖိုးသားက ပြောသည်။

ဒေသခံအချို့မှာ နေစရာအပြင် စားစရာပါ အခက်အခဲရှိလာပြီး ရေဘေးသင့် ဒုက္ခသည်ဦးရေမှာ လက်ရှိတွင် ၈၀၀၀ကျော်ခန့်ရှိနေပြီဟု ကလေးမြို့တွင် သွားရောက်သတင်းယူနေသည့် သတင်းထောက် ကိုမြတ်ကျော်သူက ရှင်းပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly