SAI Cosmetix ကြော်ငြာအတွက် စိုင်းစိုင်းခမ်းလှိုင်နှင့် ကြော်ငြာတွဲရိုက်ရန် SAI Campus Queen ရွေးချယ်မည်

SAI Cosmetix ကြော်ငြာအတွက် စိုင်းစိုင်းခမ်းလှိုင်နှင့် ကြော်ငြာတွဲရိုက်ရန် SAI Campus Queen ရွေးချယ်မည်

ရန်ကုန်၊ မေ ၁၇ ။           ။ အဆိုတော် သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်၏ ကိုယ်ပိုင် Brand SAI Cosmetix ကြော်ငြာအတွက် သရုပ်ဆောင်မည့်သူ ၃ဦးကို SAI Campus Queen ရှာပုံတော် အမည်ဖြင့် ရွေးချယ်သွားမည် ဖြစ်သည်။

SAI Eye shadow & Brush Palette ကြော်ငြာ အစီအစဉ်တွင် တက္ကသိုလ် ကျောင်းသူ ၁၂ဦးဖြင့် ရိုက်ကူးခဲ့ရာတွင် SAI Cosmetix ကို စိတ်ဝင်စားပြီး ဆက်သွယ်လာကြသည့် အတွက် အဆိုတော် စိုင်းစိုင်းခမ်းလှိုင် နှင့်အတူ SAI Cosmetix ကြော်ငြာတွင် သရုပ်ဆောင်မည့် သူ ၃ ဦး ရွေးချယ်ရန် SAI Campus Queen ရှာပုံတော် အမည်ဖြင့် ပြုလုပ်ဖြစ်ခြင်း ဖြစ်သည်။

SAI Campus Queen ရှာပုံတော်ကို မေလ ၁၆ရက်မှ ဇွန် ၁၆ရက်အထိ ပြုလုပ်မည် ဖြစ်ပြီး Final Result ကို ဇွန်လ ၂၄ရက်တွင် ကြေညာပေးသွားမည် ဖြစ်သည်။ စိတ်ဝင်စားသူများ အနေဖြင့် အလှဓာတ်ပုံ ၂ပုံ (SAI Eye shadow နှင့် တွဲရိုက်ထားသည့် ပုံ ၁ပုံ နှင့် SAI Eye shadow ပြင်ထားသည့် အလှပုံ ၁ပုံ ) ကို SAI Cosmetix  Chat Box မှ တဆင့် ပေးပို့ရမည်ဖြစ်သည်။

Campus Queen အတွက် ပါဝင်ကြသူများမှ Selection အယောက် ၃၀ကို SAI Teamက ရွေးချယ်မည်ဖြစ်ပြီး ထိုအယောက် ၃၀ ထဲမှ ပရိသတ်၏ Voting ၊ Like ၊ Reaction အများဆုံး ရရှိသည့် ၃ဦးကို ပထမ၊ ဒုတိယ၊ တတိယအဖြစ် ရွေးချယ်သွားမည် ဖြစ်သည်။

SAI Campus Queen ရှာပုံတော်တွင် Winner အဖြစ် ရွေးချယ်ခံရသူ ၃ဦး သည် အဆိုတော် သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင် နှင့်အတူ SAI Cosmetix ကြော်ငြာ ရိုက်ကူးခွင့် ရရှိမည်ဖြစ်သည်။

အဆိုတော် သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်မှ SAI Campus Queen နှင့် ပတ်သက်ပြီး ၎င်း၏ ဖေ့ဘုတ်စာမျက်နှာတွင် Live ရိုက်ကူးကာ SAI Campus Queen ပြုလုပ်မည့် အကြောင်း ပရိသတ်များကို ပြောပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly