အာရှ ယူ-၂၀ ဖူဆယ်ပြိုင်ပွဲ ဒုတိယပွဲစဉ်တွင် ဥဇဘတ်ကစ္စတန်ကို မြန်မာအသင်း ဂိုးပြတ်ရှုံးနိမ့်

အာရှ ယူ-၂၀ ဖူဆယ်ပြိုင်ပွဲ ဒုတိယပွဲစဉ်တွင် ဥဇဘတ်ကစ္စတန်ကို မြန်မာအသင်း ဂိုးပြတ်ရှုံးနိမ့်
ဂိုးသွင်းအပြီးအောင်ပွဲခံနေကြသည့် ဥဇဘတ်ကစ္စတန်ကစားသမားများ ဓာတ်ပုံ-AFC

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပပြုလုပ်နေတဲ့ အာရှ ယူ-၂၀ ဖူဆယ်ပြိုင်ပွဲ ဒုတိယပွဲစဉ်မှာ မြန်မာအသင်းဟာ ဥဇဘတ်ကစ္စတန်အသင်းကို ငါးဂိုး၊ ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။

မြန်မာအသင်းဟာ ပထမပွဲစဉ်အဖြစ် ဟောင်ကောင်အသင်းနဲ့ကစားခဲ့ရာမှာ ၂ ဂိုး၊ ၁ဂိုးနဲ့ ရှုံးနိမ့်ထားလို့ ပွဲစဉ် ၂ ပွဲပြီးဆုံးချိန်မှာ ရမှတ်တစ်မှတ်မှရယူနိုင်ခြင်းမရှိသေးပါဘူး။

မြန်မာအသင်းပါဝင်တဲ့ အုပ်စု(ဂ)မှာ လက်ဘနွန်၊ ဟောင်ကောင်၊ ဥဇဘတ်ကစ္စတန်နဲ့ ကာတာတို့ပါဝင်ကြပြီး မေလ ၁၈ ရက်နေ့မှာ တတိယပွဲစဉ်အဖြစ် ကာတာအသင်းနဲ့ ဆက်လက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

အာရှ ယူ-၂၀ ဖူဆယ်ပြိုင်ပွဲမှာ အသင်းပေါင်း ၂၁ သင်းပါဝင်ယှဉ်ပြိုင်လျက်ရှိနေပါတယ်။ အုပ်စုလေးစုခွဲထားပြီး ထိပ်ဆုံးအသင်းရှစ်သင်းက နောက်တစ်ဆင့်ကို တက်ရောက်ကာ ကွာတား၊ ဆီမီး၊ ဗိုလ်လုပွဲ အဆင့်ဆင့်ဆက်လက်ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required