ဗြိတိန်တွင် ဘင်လာဒင် မိသားစုဝင်များလေယာဉ် ပျက်ကျသေဆုံး

ဗြိတိန်တွင် ဘင်လာဒင် မိသားစုဝင်များလေယာဉ် ပျက်ကျသေဆုံး

ဗြိတိန်နိုင်ငံ ဟမ်ရှိုင်းယားတွင် အိုစမာဘင်လာဒင် မိသားစုဝင်များ စီးနင်းလာသည့် လေယာဉ်ငယ် ပျက်ကျ၍သေဆုံးခဲ့ကြောင်း ဗြိတိန်ရှိ ဆော်ဒီအာရေဗျသံရုံးက ပြောသည်။

ယတ်တလေးရှိ ဘလက်ဘုရှ်လေဆိပ်အနီးတွင် ကိုယ်ပိုင်ဂျက်လေယာဉ်ငယ် ဇူလိုင် ၃၁ ရက်က ပျက်ကျခြင်းဖြစ်သည်။

မင်းသားမိုဟာမတ်ဘင်နာဝတ်အယ်ဆော့က ဘင်လာဒင်မိသားစုဝင်များသို့ ဝမ်းနည်းကြောင်း ပြောကြားခဲ့သည်ဟု ဗြိတိန်ဆိုင်ရာဆော်ဒီသံရုံးက တွစ်တာတွင် ဖော်ပြခဲ့သည်။

လေယာဉ်ပျက်ကျခြင်းကို ဗြိတိန်အာဏာပိုင်များနှင့်အတူ စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်း ဆော်ဒီသံရုံးက ပြောသည်။

"ဘလက်ဘုရှ်လေဆိပ်တွင် လေယာဉ်ပျက်ကျ၍ သေဆုံးခဲ့သည့် ဘင်လာဒင်၏ ဆွေမျိုးမိသားစုဝင်များအတွက် တော်ဝင်မင်းသား မိုဟာမတ်ဘင်နာဝတ်အယ်ဆော့က ဝမ်းနည်းကြောင်းပေးပို့သည်"ဟူ၍ တွစ်တာထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သေဆုံးရုပ်အလောင်းများကို ဆော်ဒီအာရေဗျသို့ ဈာပနသဂြိုဟ်ရန်အတွက် အမြန်ဆုံးပို့ဆောင်နိုင်ရေး ဗြိတိန်အာဏာပိုင်များနှင့် ပူးတွဲလုပ်ဆောင်နေကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပျက်ကျလေယာဉ် Embraer Phenom 300 သည် ဆော်ဒီတွင် အခြေချသည့် အယ်လ်ခိုင်ဒါခေါင်းဆောင်ဟောင်းဘင်လာဒင်မိသားစုပိုင် လေကြောင်းကုမ္ပဏီတစ်ခုမှ လေယာဉ်ဖြစ်သည်။

အီတလီနိုင်ငံ မီလန်မှ ပျံသန်းရောက်ရှိလာခြင်းဖြစ်ပြီး ဒေသစံတော်ချိန် ၃ နာရီကျော်တွင် ပျက်ကျပေါက်ကွဲခြင်းဖြစ်သည်။

ပျက်ကျမှုအတွင်း စီးနင်းလိုက်ပါသူ ဘင်လာဒင်ဆွေမျိုးသုံးဦးနှင့်အတူ လေယာဉ်မှူးတို့အားလုံးသေဆုံးခဲ့သော်လည်း မြေပြင်တွင် ထိခိုက်ဒဏ်ရာရရှိသူမရှိခဲ့ကြောင်း နယ်မြေခံရဲတပ်ဖွဲ့ကပြောခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required