ဧရာဝတီကွင်းလယ် ကစားသမားကျော်မင်းဦးခြေကျင်းဝတ် ဒဏ်ရာကြောင့် အနားယူနေရ

ဧရာဝတီကွင်းလယ် ကစားသမားကျော်မင်းဦးခြေကျင်းဝတ် ဒဏ်ရာကြောင့် အနားယူနေရ
ခြေကျင်းဝတ်ဒဏ်ရာကြောင့်အနားယူနေရသည့် ဧရာဝတီကစားသမား ကျော်မင်းဦး။(ဓာတ်ပုံ- ဧရာဝတီယူနိုက်တက်)

သြဂုတ် ၁၊ ရန်ကုန် ။         ။ ဧရာဝတီယူနိုက်တက်အသင်းမှ မြန်မာယူ -၂၀ လက်ရွေးစင်ကစားသမား ကျော်မင်းဦးမှာ ခြေကျင်းဝတ်ဒဏ်ရာ ရရှိနေပြီး အနားယူနေရသည်။

ယင်းဒဏ်ရာကြောင့် ကျော်မင်းဦးမှာ ဧရာဝတီယူနိုက်တက်အသင်း၏ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် နှစ်ပွဲဖြစ်သော ဇွဲကပင်၊ ရန်ကုန်တို့နှင့်ကစားခဲ့သောပွဲစဉ်များကို လွဲချော်ခဲ့သလို ဇွဲကပင်အသင်းနှင့် ကစားရမည့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းကွာတားဖိုင်နယ်ပွဲစဉ်ကိုလည်း ဆက်လက်လွဲချော်မည်ဖြစ်သည်။ “ကျော်မင်းဦးက ခြေကျင်းဝတ်နာနေတာပါ။ လေ့ကျင့်ခန်းမဆင်းနိုင်သေးပါဘူး။

ဗိုလ်ချုပ်အောင်ဆန်းဒိုင်းကွာတားဖိုင်နယ်ပွဲကို လည်းလွဲမှာပါ။ ဒဏ်ရာကအနားယူဖို့လိုနေသေးပါတယ်။” ဟု ဧရာဝတီယူနိုက်တက်အသင်း နည်းပြချုပ် မာယန်းကပြောသည်။

ဇွဲကပင်နှင့်ကစားမည့် ဧရာဝတီယူနိုက်တက်အသင်းကို နည်းပြချုပ် မာယန်းနှင့် လက်ထောက်နည်းပြ ဦးကျော်လွင် တို့လည်း ပွဲပယ်ပြစ်ဒဏ်ကျခံထားရသည့်အတွက် ကွင်းအတွင်းဝင်ရောက် ကြီးကြပ်နိုင်မည် မဟုတ်ပေ။ ဧရာဝတီယူနိုက်တက်အသင်းနှင့် ဇွဲကပင်ယူနိုက်တက်အသင်းတို့သည် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၁၁အဖြစ် ဧရာဝတီအိမ်ကွင်းတွင်ယှဉ်ပြိုင်ကစားခဲ့စဉ်က ဇွဲကပင်အသင်းက ၁-၀ ဂိုးဖြင့်အနိုင်ရထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required