မြန်မာ့ငြိမ်းချမ်းရေး တိုးတက်ဖို့ ကူညီပေးလိုကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တွေ့ဆုံစဉ် တရုတ်သမ္မတ ပြောကြား

မြန်မာ့ငြိမ်းချမ်းရေး တိုးတက်ဖို့ ကူညီပေးလိုကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တွေ့ဆုံစဉ် တရုတ်သမ္မတ ပြောကြား

မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်မှုရရှိဖို့အတွက် လိုအပ်တဲ့ အကူအညီထောက်ပံ့မှုတွေ ဆက်လက်ပေးသွားလိုတဲ့ ဆန္ဒရှိပါကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က မတ်လ ၁၆ ရက်မှာ ပြောဆိုလိုက်တယ်လို့ သိရပါတယ်။

မေလ ၁၄ ရက်နဲ့ ၁၅ ရက်တွေမှာ ပေကျင်းမြို့မှာ ကျင်းပပြုလုပ်တဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ Belt and Road ဖိုရမ် တက်ရောက်ခဲ့တဲ့   နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်   ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစဉ် တရုတ်သမ္မတက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

အလားတူ တရုတ်-မြန်မာ နှစ်ဘက်တာဝန်ရှိသူတွေအနေနဲ့လည်း နှစ်နိုင်ငံနယ်စပ်အကြား တည်ငြိမ်အေးချမ်းရေး ပူးပေါင်းထိန်းသိမ်းကြဖို့ကိုလည်း သမ္မတ ရှီက တိုက်တွန်းသွားခဲ့တယ်လို့လည်း သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly