အမ်းမြို့နယ်တွင် တရားမဝင်လိုက်ပါသူနှင့် ပို့ဆောင်ပေးသူတို့အား ဖမ်းဆီးရမိ

အမ်းမြို့နယ်တွင် တရားမဝင်လိုက်ပါသူနှင့် ပို့ဆောင်ပေးသူတို့အား ဖမ်းဆီးရမိ
ဓာတ်ပုံ-နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ

ရခိုင်ပြည်နယ် အမ်းမြို့နယ် ပဲပဒုံ ပူးပေါင်းစစ်ဆေးရေးဂိတ်၌ တရားမဝင် လိုက်ပါလာသူတစ်ဦးနှင့် ပို့ဆောင်ပေးခဲ့သူတစ်ဦးအား ဖမ်းဆီးရမိကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးမှ သတင်းထုတ်ပြန်သည်။

အမ်းမြို့နယ် ပဲပဒုံ ပူးပေါင်းစစ်ဆေးရေးဂိတ်၌ မြောက်ဦးမြို့ဘက်မှ မင်းဘူးမြို့ဘက်သို့ စစ်တွေမြို့ နေ သီဟဖုန်းမြင့် မောင်းနှင်လာသော ဆိုင်ကယ်အား မေ ၁၅ ရက် ညနေ ၄နာရီ ၂၀မိနစ်က စစ်ဆေးခဲ့ရာ စစ်တွေမြို့နယ်၊ သဲချောင်းကျေးရွာနေ မဘူတူအား ရန်ကုန်သို့ ပို့ဆောင်ပေးရန် ခေါ်လာကြောင်း စစ်ဆေး တွေ့ရှိခဲ့သည်။

သီဟဖုန်းမြင့်အား ရာဇသတ်ကြီးပုဒ်မ ၃၆၇ (သွေးဆောင်ဆွဲခေါ်မှု)နှင့် တရားမဝင် သွားရောက်သူ မဘူတူအား လဝကအက် ဥပဒေအရ အရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly