ညီမဝမ်းကွဲကို ကျောင်းကပွဲသို့ လိုက်ပါပို့ဆောင်ပေးခဲ့သည့် အဆိုတော်ဒရိတ်ခ်

ညီမဝမ်းကွဲကို ကျောင်းကပွဲသို့ လိုက်ပါပို့ဆောင်ပေးခဲ့သည့် အဆိုတော်ဒရိတ်ခ်

ကနေဒါနိုင်ငံသား အဆိုတော်ဒရိတ်ခ်သည် သူ၏ဝမ်းကွဲ ညီမငယ်ဖြစ်သူနှင့် သူမ၏ချစ်သူကို ကျောင်းကပွဲသို့ ပြီးခဲ့သော စနေ၊တနင်္ဂနွေပိတ်ရက်က လိုက်ပါပို့ဆောင်ပေးခဲ့သည်။

မမ်းဖစ်မြို့ရှိ ဖယ်လေအထက်တန်းကျောင်း၌ ကျင်းပသော ကပွဲသို့ သူ၏ညီမဝမ်းကွဲတို့ စုံတွဲကို စတိုင်လ် အပြည့်နှင့် တက်ရောက်နိုင်ရန်အတွက် ရက်ပ်အဆိုတော်ဒရိတ်ခ်က လိုက်ပါကူညီပေးခဲ့သည်။

သူသည် ရိုးရိုက်စ်အဖြူရောင် ကားတစ်စီးကိုငှားရမ်းကာ သူတို့အား လိုက်ပါပို့ဆောင်ပေးခဲ့ပြီး ၎င်းတို့စုံတွဲအား လိုက်ဖက်စေမည့် ရွှေရောင်အဝတ်အစားများကိုလည်း ဝယ်ယူဆင်မြန်းပေးခဲ့သည်။

ထို့နောက်ဒရိတ်ခ်သည် ကျောင်းကပွဲ၌ အများနည်းတူ ပျော်ပျော်ပါးပါးနေခဲ့ပြီး ညီမဝမ်းကွဲ စုံတွဲအား စောင့်ကြပ် ပေးခဲ့သော်လည်း ဝမ်းနည်းစရာကောင်းသည်မှာ ညီမဖြစ်သူ၏ အတန်းဖော်များအတွက် သီချင်းသီဆိုဖျော်ဖြေ ပေးမှု မရှိခဲ့ကြောင်း သိရသည်။

ညီမဖြစ်သူသည် ကြမ်းပြင်ထိရောက်အောင် ရှည်လျားသော ကပွဲတက် ရွှေရောင်ဂါဝန်ကို ဆင်မြန်းထားပြီး သူမ ၏ ချစ်သူကောင်လေးမှာလည်း အရောင်တောက်သော ပွဲတက်ဝတ်စုံနှင့် ဖဲပြား ဝတ်ဆင်ထားသည်ကို မြင်တွေ့ ခဲ့ရသည်။

ထို့နောက် ဒရိတ်ခ်က သူတို့ ၃ဦး တွဲ၍ရိုက်ထားသော ဓာတ်ပုံကို အမှတ်တရဖြစ်စေရန် အင်စတာဂရမ်၌ တင်ခဲ့ပြီး #YoungLove ဟု ရေးသားခဲ့ကာ သူ၏ ပရိတ်သတ်များကို အသိပေးခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags