ဘာစီလိုနာနှင့် ဘိုင်ယန်တွင်သာ လက်ရှိရာသီမျိုး ကြံုရပါက ထုတ်ခံရနိုင်သည်ဟု ဂွာဒီယိုလာပြော

ဘာစီလိုနာနှင့် ဘိုင်ယန်တွင်သာ လက်ရှိရာသီမျိုး ကြံုရပါက ထုတ်ခံရနိုင်သည်ဟု ဂွာဒီယိုလာပြော

မေ ၁၆၊ မန်ချက်စတာ။              ။ အသင်းဟောင်းများဖြစ်သည့် ဘာစီလိုနာနှင့် ဘိုင်ယန်မြူးနစ်တို့တွင်သာ လက်ရှိရာသီမျိုးကြုံရပါက ထုတ်ခံရနိုင်သည်ဟု မန်စီးတီးနည်းပြ ပက်ဂွာဒီယိုလာက ပြောသည်။

ဂွာဒီယိုလာသည် မန်စီးတီးနှင့်ပွဲဦးထွက်ရာသီတွင် ဆုဖလားတစ်လုံးမှရယူနိုင်ခြင်းမရှိသည့်အပြင် ချန်ပီယံလိဂ်ဝင်ခွင့် အတွက်လည်း မသေချာသေးသည့် အနေအထားကြုံနေရသည်။

စပိန်လူမျိုးနည်းပြဂွာဒီယိုလာက ၎င်းအနေဖြင့် လာမည့်ရာသီတွင် ဆုဖလားများရယူပေးရမည်ဟု ကောက်ချက်ချခဲ့ပြီး မဟုတ်လျှင် ပထမဆုံးအကြိမ်အဖြစ် ရာထူးမှထုတ်ခံရသည့်အလားအလာရှိနိုင်သည်ဟု ပြောသည်။

“ဒီလိုအနေအထားနဲ့ အသင်းကြီးတစ်သင်းမှာသာဆိုရင် ကျွန်တော်ထုတ်ခံရပြီ။ ကျွန်တော်ထွက်ရပြီဆိုတာ သေချာတယ်၊ အတိအကျပဲ။

ကျွန်တော်လုပ်ခဲ့တဲ့ အရင်အသင်းတွေမှာသာဆို အခုဒီနေရာမှာ ရှိမနေတော့ဘူး။ ၆ လမှာ အောင်မြင်မှုမရရင် ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်မှာဆို ထုတ်ခံရပြီ။ အဲဒီမှာ နိုင်ပြီးရင်းနိုင်ဖို့လိုတယ်။ မဟုတ်ရင် ခင်ဗျားကို ဒုတိယအခွင့်အရေးထပ်ပေးမှာ မဟုတ်ဘူး။

ဒီမှာတော့ ကျွန်တော့်ကို ဒုတိယအကြိမ်အခွင့်အရေးထပ်ပေးပါတယ်။ ပြီးတော့ ကျွန်တော်တို့ကြိုးစားကြမယ်။ လာမယ့်ရာသီဆို ကျွန်တော့်မှာ စာချုပ်သက်တမ်း တစ်နှစ်ကျော်ကျန်ရှိပြီး တကယ်လို့ရလဒ်မကောင်းဘူးဆိုရင်တော့ သူတို့ နည်းပြပြောင်းလိုက် လိမ့်မယ်”ဟု ဂွာဒီယိုလာက ပြောသည်။

Ref; Mirror

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly