လုံခြံုရေးခွေးများအတွက် စားဝတ်နေရေး နှင့် ကျန်းမာရေးကိစ္စ လိုအပ်ချက်များ ရှိနေဟုဆို

လုံခြံုရေးခွေးများအတွက် စားဝတ်နေရေး နှင့် ကျန်းမာရေးကိစ္စ လိုအပ်ချက်များ ရှိနေဟုဆို

မိုင်းနှင့်မူးယစ်ဆေးဝါးရှာဖွေခြင်းသင်တန်းဆင်း လုံခြုံရေးခွေးများ၏ စားဝတ်နေရေးနှင့် ကျန်းမာရေးအတွက် အထက်လူကြီးများတွင် တာဝန်ရှိကြောင်း မိုင်ရှာခွေးတပ်ကြပ်ကြီး မိုက်ကယ်ကို ကြည့်ရှုရသော ခွေးကိုင်စစ်သည် ဒုတပ်ကြပ် အောင်ဖိုက်က ပြောဆိုလိုက်သည်။

"ခွေးတွေရဲ့ကျန်းမာရေး သူတို့ရဲ့နေရေးထိုင်ရေး ကျန်းမာရေးဆရာဝန်နဲ့ ချိတ်ဆက်ပြီးတော့ ကုသနိုင်ဖို့ တစ်လတစ်ကြိမ် ဒါမှမဟုက် နှစ်လတစ်ကြိမ်စစ်ဆေးချက်တွေ လုပ်နေဖို့လိုအပ်ပါတယ်။ အဲ့လို လုပ်ဖို့လည်း ကျွန်တော်တို့ ခွေးကိုင်စစ်သည်တွေမှာ တာဝန်ရှိသလို အထက်လူကြီးတွေမှာလည်း လုပ်ပေးနိုင်ဖို့ တာဝန်ရှိပါတယ်" ဟု ဒုတပ်ကြပ် အောင်ဖိုက်က ပြောသည်။

မိုင်းနှင့်မူးယစ်ဆေးဝါးရှာဖွေခြင်းသင်တန်းဆင်း လုံခြုံရေးခွေးများအား ကူညီထောက်ပံ့ရေး ပရဟိတအဖွဲ့ ဖွဲ့စည်းခြင်းနှင့် တပ်ကြပ်ကြီးမိုက်ကယ် ကွယ်လွန်ခြင်း(၁)လပြည့်   အောက်မေ့ဖွယ်အခမ်းအနားကို မေလ၁၅ရက် နေ့လည်က ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ၃၅လမ်းရှိ ဧရာဝတီပန်ချီးပြခန်း၌ ပြုလုပ်ခဲ့သည်။

For Brave Dog (FBD) ရဲရင့်သည့်ခွေးများအတွက် ဆိုသည့် အဖွဲ့၏ အလုပ်အမှုဆောင်တစ်ဦးဖြစ်သော ဒေါ်မေသော်က အဆိုပါခွေးများအတွက် လိုအပ်ချက်အားလုံးကို ပံပိုးကူညီသွားမည်ဟု ဆိုသည်။

"အန်တီတို့ လူသားအားလုံးရဲ့ အသက်အန္တရာယ်ကို ကာကွယ်စောင့်ရှောက်တဲ့ခွေးလေးတွေ ဖြစ်တဲ့အတွက် သူတို့ရဲ့နောက်ထက်လိုအပ်တာ ရှိသမျှအားလုံးပေ့ါ။ တိတိကျကျတော့ ပြောလို့မဖြစ်ဘူးပေ့ါ။ ဘယ်အချိန်မှာ ဘာလိုအပ်မယ်ဆိုတာ အန်တီတို့ မသိဘူးလေ။ သူတ့ိုအတွက် တတ်နိုင်တာမှန်သမျှဒီအဖွဲ့က လုပ်ပေးသွားမှာပါ"ဟု သူက ဆက်ပြောသည်။

မိုင်းနှင့်မူးယစ်ဆေးဝါးရှာဖွေခြင်းသင်တန်းဆင်း လုံခြုံရေးခွေးများအား ကူညီထောက်ပံ့ရေး ပရဟိတအဖွဲ့FBD ၏ လိုဂိုအမှတ်တံဆိပ်ကို တပ်ကြပ်ကြီးမိုင်ကယ်အား ဂုဏ်ပြုသည့်သဘောဖြင့် မိုက်ကယ်ဗုံးရှာနေစဉ်က ပုံကိုပဲ အသုံးပြုထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly