စိတ်ကူးယဉ်သမိုင်းနောက်ခံ ရုပ်ရှင်တွင် ပါ၀င်သရုပ်ဆောင်ဖွယ်ရှိသည့် မင်းသားဂျန်ဝူးဆန်း

စိတ်ကူးယဉ်သမိုင်းနောက်ခံ ရုပ်ရှင်တွင် ပါ၀င်သရုပ်ဆောင်ဖွယ်ရှိသည့် မင်းသားဂျန်ဝူးဆန်း

တောင်ကိုရီးယားမင်းသား ဂျန်ဝူးဆန်း၏ အေဂျင်စီမှ ကိုယ်စားလှယ်များ၏ မေလ ၁၅ရက်နေ့တွင် ထုတ်ပြန်ခဲ့ သော ကြေညာချက်ထဲတွင် “ ဂျန်ဝူးဆန်းကို Devil လို့လောလောဆယ် အမည်ပေးထားတဲ့ ရုပ်ရှင်ထဲမှာ ပါဝင် သရုပ်ဆောင်ဖို့အတွက် ကမ်းလှမ်းထားပါတယ်။ ဒါဟာ လက်ရှိမှာ မင်းသားကိုယ်တိုင် ဆန်းစစ်ရွေးချယ်နေတဲ့ ကမ်းလှမ်းချက်တွေထဲက တစ်ခုဖြစ်ပါတယ်” ဟု ဖော်ပြခဲ့သည်။

ကိုယ်စားလှယ်များက ဆက်လက်ပြီး “လောလောဆယ်မှာ ဂျန်ဝူးဆန်းဟာ Steel Rain လို့ အမည်ရတဲ့ ရုပ်ရှင် ရိုက်ကူးရေးအတွက်ကိုပဲ အာရုံစိုက်လျက်ရှိနေပြီး အဲ့ဒါပြီးတာနဲ့ Wolf Brigade လို့ခေါ်တဲ့ ရုပ်ရှင်အတွက် ရိုက်ကူးမှာ ဖြစ်ပါတယ်။ သူ့မှာ အလုပ်တွေအရမ်းများတာကြောင့် နောက်ထပ်ရိုက်ကူးမယ့် ရုပ်ရှင်တွေကို ရွေးချယ်ရခက်နေပါတယ်။ Devil ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်မယ်ဆိုတာကို ယတိပြတ်ပြောကြားဖို့ အချိန် နည်းနည်းယူရပါဦးမယ်” ဟု ပြောကြားခဲ့သည်။

Devil ဟု လောလောဆယ် အမည်ပေးထားသော စိတ်ကူးယဉ် သမိုင်းနောက်ခံ ရုပ်ရှင်သည် ဂျိုဆန်း မင်းဆက်ကာလကို ဇာတ်အိမ်တည်ထားခြင်း ဖြစ်သည်။ ထိုရုပ်ရှင်ထဲတွင် ဘုရင်တစ်ပါးသည် သွေးစုတ်ဖုတ် ကောင် တစ်ဦး၏ အကူအညီဖြင့် မိန်းမပျိုလေးများအား ပြန်ပေးဆွဲ ဖမ်းဆီးလျက်ရှိပုံကို ရိုက်ကူးမည်ဖြစ်သည်။ ဇာတ်ကား၏ဒါရိုက်တာအဖြစ် ၂၀၀၃ ခုနှစ်က Mutt Boy ရုပ်ရှင်တွင် ဂျန်ဝူဆန်းနှင့်အတူ လက်တွဲခဲ့ဖူးသော ဒါရိုက်တာ ကွက်ခ်ကျန်းတိတ်ခ်က ရိုက်ကူးမည်ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly