Miss USA အလှမယ်ပြိုင်ပွဲတွင် ၀ါရှင်တန်ဒီစီကိုယ်စားပြုအလှမယ် အနိုင်ရရှိ

Miss USA အလှမယ်ပြိုင်ပွဲတွင် ၀ါရှင်တန်ဒီစီကိုယ်စားပြုအလှမယ် အနိုင်ရရှိ

အသက် ၂၅ နှစ်အရွယ်ရှိ သိပ္ပံပညာရှင်ဖြစ်သူ ဝါရှင်တန်ဒီစီကိုယ်စားပြု အလှမယ်လေးသည် အမေရိကန်၌ တနင်္ဂနွေနေ့တွင် ကျင်းပသော Miss USA အလှမယ်ပြိုင်ပွဲတွင် အနိုင်ရရှိခဲ့ပြီး သရဖူကို ဆွတ်ခူးနိုင်ခဲ့သည်။

နှစ်စဉ်ကျင်းပနေကျဖြစ်သော အဆိုပြိုင်ပွဲတွင် အမေရိကန်ပြည်ထောင်စု၏ မြို့တော် ဝါရှင်တန်မှ ကိုယ်စားပြု ယှဉ်ပြိုင်သော အလှမယ်များ အနိုင်ရရှိသည်မှာ ယခုနှစ်နှင့်ဆိုလျှင် ၂နှစ်ဆက်တိုက် ရှိပြီဖြစ်သည်။

ဓာတုဗေဒဘာသာရပ်ဖြင့် ဘွဲ့ရရှိထားကာ အမေရိကန်နျူကလီးယား ထိန်းသိမ်းရေးကော်မရှင်၌ အလုပ်လုပ်သူ တစ်ဦးဖြစ်သော ကာရာမက်ကာလာဟု အမည်ရသည့် အဆိုပါ အလှမယ်လေးသည်   ပြိုင်ပွဲဝင် ၅၀ ကျော်အား ကျော်ဖြတ်ကာ လာ့စ်ဗီးဂတ်စ်တွင် ကျင်းပသောပြိုင်ပွဲ၌ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ဒုတိယဆုအား နယူးဂျာစီ ကိုယ်စားပြု အလှမယ်လေး ချာဟာဗီဗာ့ဂ်က ရရှိခဲ့သည်။

ပြိုင်ပွဲ၏ နောက်ဆုံးဗိုလ်လုပွဲသို့ ရောက်ရှိခဲ့သော အလှမယ် ၃ ဦးထဲတွင် မက်ကာလာအား ကျန်းမာရေးစောင့် ရှောက်မှု အခွင့်အရေးနှင့်ပက်သက်၍ မေးမြန်းခဲ့ပြီး သူမက အလုပ်အကိုင်ရှိသူ အားလုံးအတွက် ကျန်းမာရေး စောင့်ရှောက်မှုသည် အထူးအခွင့်ရေးဖြစ်ကြောင်း ဖြေကြားခဲ့သည်။ ထိုသို့ ဖြေကြားမှုကြောင့် သူမကို တွစ်တာ ကဲ့သို့သော လူမှုမီဒီယာများမှတဆင့် ဝေဖန်သူများ ရှိခဲ့သော်လည်း သူမဘက်မှ ကာကွယ်ဖြေရှင်းသူများလည်း ရှိခဲ့သည်။

အလှမယ်ပြိုင်ပွဲ၏ နောက်ဆုံးဗိုလ်လုပွဲသို့ တက်ရောက်ခဲ့သူ နောက်တစ်ဦးမှာ မင်နီဆိုတာ ကိုယ်စားပြုအလှ မယ် မာရီဒစ်သ်ဂိုးလ်ဒ် ဖြစ်သည်။

မက်ကာလာသည် ယခုပြိုင်ပွဲတွင် အနိုင်ရရှိခဲ့သောကြောင့် နှစ်စဉ်ကျင်းပနေကျဖြစ်သော မယ်စကြဝဠာပြိုင်ပွဲ တွင် အမေရိကန်ပြည်ထောင်စု ကိုယ်စားပြုအလှမယ်အဖြစ် ပါဝင်ယှဉ်ပြိုင်နိုင်တော့မည်   ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly