ရီးယဲလ်မက်ဒရစ်ကို အဆုံးထိ ဖိအားပေးရမည်ဟု ဘာစီလိုနာတိုက်စစ်မှူး ဆွာရက်ဇ်ပြော

ရီးယဲလ်မက်ဒရစ်ကို အဆုံးထိ ဖိအားပေးရမည်ဟု ဘာစီလိုနာတိုက်စစ်မှူး ဆွာရက်ဇ်ပြော

မေ ၁၅၊ ဘာစီလိုနာ။               ။ ဘာစီလိုနာအသင်းအနေဖြင့် ရီးယဲလ်မက်ဒရစ်အသင်းကို လာလီဂါပြိုင်ပွဲနောက်ဆုံးရက်အထိ ဖိအားဆက်ပေးရလိမ့်မည်ဟု လက်စ်ပါးမက်ကို အနိုင်ရသည့်ပွဲအပြီးတွင် တိုက်စစ်မှူးဆွာရက်ဇ်က ပြောသည်။

တစ်ပွဲပိုကစားပြီး လာလီဂါအမှတ်ပေးဇယားကိုဦးဆောင်နေသည့် ဘာစီလိုနာအသင်းသည် တနင်္ဂနွေနေ့က ကစားခဲ့သောပွဲတွင် လက်စ်ပါးမက်ကို ဆွာရက်ဇ်၏သွင်းဂိုးတစ်ဂိုး၊ နေမာ၏ ဟက်ထရစ်ဂိုးများကြောင့် ၄-၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။

သို့သော် တနင်္ဂနွေနေ့က ဆီဗီလာကို ၄-၁ ဂိုးဖြင့်အနိုင်ရထားသော ရီးယဲလ်မက်ဒရစ်အသင်းသည် ချန်ပီယံဖြစ်ရန်အတွက် လက်ကျန်နှစ်ပွဲဖြစ်သော ဆယ်လ်တာဗီဂို၊ မာလာဂါတို့နှင့်ပွဲများမှ လေးမှတ်သာ လိုအပ်သည်။

“ကျွန်တော်တို့အခုလုပ်ရမှာက အီဘာအသင်းကိုအနိုင်ရဖို့ဖြစ်ပြီး အဲဒါဆိုရင် ဆယ်တာဗီဂို၊ နောက်ဆုံးနေ့မှာ မာလာဂါတို့နဲ့ ကစားရမယ့် ရီးယဲလ်မက်ဒရစ်လည်း အတူတူပဲဖြစ်သွားမယ်။

သူတို့အနေနဲ့ ဗုဒ္ဓဟူးနဲ့ တနင်္ဂနွေမှာ ဘာလုပ်ပြနိုင်မလဲဆိုတဲ့အပေါ် မူတည်တယ်။ ဒီရာသီက အကြာကြီးပြိုင်ဆိုင်ရတဲ့ ရာသီတစ်ခုပဲ။

လက်စ်ပါးမက်နဲ့ပွဲဟာ သူတို့ပရိသတ်တွေရှေ့မှာ ခက်ခဲလိမ့်မယ်ဆိုတာ ကျွန်တော်တို့သိထားခဲ့ပေမယ့် အနိုင်သုံးမှတ်နဲ့ ထိုက်တန်ခဲ့ပါတယ်။

ရာသီနောက်ဆုံးအချိန်ရောက်လာတဲ့အထိ ကျွန်တော်တို့အနေနဲ့ ပေါက်ကွဲအားပြင်းထန်တဲ့ကစားပုံကို ဆက်ထိန်းထားချင်ပြီး လက်ရှိအချိန်ထိ လမ်းကြောင်းပေါ်မှာရှိနေတုန်းပါပဲ”ဟု ဆွာရက်ဇ်က ပြောသည်။

Ref; goal.com

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly