ရာသီဥတုဆိုးရွား သည့်ဒေသများအတွက် အမတ်လောင်း မှတ်ပုံတင်ရက် တိုးတောင်း

ရာသီဥတုဆိုးရွား သည့်ဒေသများအတွက် အမတ်လောင်း မှတ်ပုံတင်ရက် တိုးတောင်း

သြဂုတ် ၁ ရက် ။        ။ ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီက နိုဝင်ဘာရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းများ မှတ်ပုံတင်ရက်ကို အချိန် ၁၀ ရက်ထပ်တိုးပေး ရန်ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ဥက္ကဌထံ လိပ်မူ၍ စာပေးပို့ကြောင်း သိရသည်။

ရာသီဥတုဆိုးရွားနေမှုကြောင့် "သဘာဝဘေးအန္တရာယ်ကျရောက်သောဒေသများ" အဖြစ် သမ္မတက သတ်မှတ်လိုက် သည့် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းတို့ရှိ ကိုယ်စားလှယ်လောင်းများ မှတ်ပုံတင်ရမည့် အခြေအနေမှာ များစွာအခက်အခဲရှိနေသည်ဟု သြဂုတ်လ ၁ ရက် ရက်စွဲပါစာအတွင်း ဖော်ပြထားသည်။

"သို့ဖြစ်၍ ကျွန်တော်တို့ဒေသအပါအဝင် အခက်အခဲနှင့် ရင်ဆိုင်နေရသည့် ဒေသများအတွက် အနည်းဆုံး နောက်ထပ် ၁၀ ရက် တိုးပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။" ဟု ၎င်းစာ၌ပါရှိသည်။

ကိုယ်စားလှယ်လောင်းများ မှတ်ပုံတင်သွင်းရမည့်ရက်ကို ဇူလိုင် ၂၀ မှ သြဂုတ် ၈ ရက်နေ့အထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ပေးထားခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required