မကွေးတွင် ပတ်စ်ပို့ နေ့ချင်းပြီး ဆောင်ရွက်ပေးနေပြီး လျှောက်ထားသူများပြားလာ

မကွေးတွင် ပတ်စ်ပို့ နေ့ချင်းပြီး ဆောင်ရွက်ပေးနေပြီး လျှောက်ထားသူများပြားလာ

မကွေး၊ မေလ ၁၃ ။           ။ မကွေးတိုင်းဒေသကြီးအတွင်း ပတ်စ်ပို့ နေ့ချင်းပြီး ဆောင်ရွက်ပေးနေပြီး မြန်မာနိုင်ငံကူး လက်မှတ်((Passport) လျှောက်ထားသူ ယခင်လများထက် များပြားလာကြောင်း သိရသည်။

မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ရုံးခွဲ(မကွေး) မှတာဝန်ရှိသူက “သြင်္ကန်ရုံးပိတ်ရက် ၁၀ ရက် ပိတ်ထားတဲ့အတွက် မြန်မာနိုင်ငံကူးလက်မှတ် လျှောက်ထားသူတွေ အခုလထဲ လျောက်လွှာပုံသွားတာပါ ” ဟု ပြောသည်။

ယခင်လများက မြန်မာနိုင်ကူးလက်မှတ် လျှောက်ထားသူ တစ်နေ့ ၁ ယောက်မှ ၃ ယောက်အထိသာ ရှိခဲ့ရာမှ ယခုလတွင် တစ်နေ့ ၁၅ ယောက်မှ အယောက် ၃၀ အထိ လျှောက်ထားသူများ ရှိသည်ဟု ၎င်းက ပြောသည်။

အဆိုပါလျှောက်ထားသူများသည် မကွေးတိုင်းဒေသကြီးအတွင်းရှိ မကွေး ၊တောင်တွင်းကြီး၊ ပဒါန်း၊စလင်း မြို့နယ်စသည့်မြို့နယ် ကျေးရွာနေပြည်သူများ အများဆုံးလာရောက် လျှောက်ထားကြသည်ဟု သိရသည်။

“မြန်မာနိုင်ငံကူးလက်မှတ် လျှောက်သူတွေက ထိုင်းနိုင်ငံကို သွားပြီး အလုပ်လုပ်မဲ့သူ များပါတယ်”ဟု မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ ရုံးခွဲ(မကွေး) မှ သိရသည်။

မြန်မာနိုင်ငံကူးလက်မှတ် လျှောက်ထားသူများအနေနှင့် နိုင်ငံသား စီစစ်ရေးကဒ်မူရင်း၊အိမ်ထောင်စုဇယား မူရင်ရှိသူတိုင်း နိုင်ငံကူးလက်မှတ် လုပ်ထားလို့ ရရှိကြောင်း မြန်မာနိုင်ငံကူး လက်မှတ် လျှောက်ထားသူများမှာ မြန်မာ့စီးပွားရေးဘဏ်သို့ ငွေနှစ်သောင်း ပေးသွင်းရပြီး ဖောင်ဖြည့် ဓာတ်ပုံရိုက် မိတ္တူကူးခ ၆၀၀၀ကျပ် စုစုပေါင်း ကျပ်၂၆၀၀၀သာ ကုန်ကျမည်ဖြစ်၍ ပတ်စ်ပို့စာအုပ်ကို ဆယ်ရက်အကြာတွင် ထုတ်ယူရရှိမည်ဖြစ်ကြောင်း သိရသည်။

စလင်းမြို့ ကူတိုကျေးရွာမှ ဦးခင်မောင်စိုးက “ သမီး ထိုင်းနိင်ငံ သင်တန်းတက်သွားဖို့ မြန်မာနိုင်ငံကူးလက်မှတ် လာလုပ်တာပါ။ ရန်ကုန်သွားလုပ်တာ ၊ တန်းစီစောင့် နေရတော့ မကွေးက အဆင်ပြေတယ်ဆိုလို့ ပြန်လာလုပ်တာပါ ။ နေ့ချင်းပြီးပါတယ်” ဟု ပြောသည်။

တောင်တွင်းကြီးမြို့နယ် ပတော်ကွက်ကျေးရွာနေ ကိုဇော်လင်းက ထိုင်းနိုင်ငံသွားဖို့ မြန်မာနိုင်ငံကူးလက်မှတ် လာ ရောက်လုပ်ကိုင်ကြောင်း၊ ကိုဇော်လင်းသည် တောင်သူလုပ်ငန်းလုပ်ကိုင်ကြောင်း၊ မိုးလေဝသ အခြေအနေ မကောင်းသောကြောင့် ထိုင်းနိုင်ငံ ပန်းရံလုပ်သွားမည်ဖြစ်ကြောင်း ပြောသည်။

“အလုပ်အကိုင်ကို ကိုယ့် မိသားစုတွေနဲ့ မခွဲမခွာ လုပ်ချင်တာပေါ့ဗျာ ။ ကိုယ့နိုင်ငံက တစ်လ ကျပ် ၁၅၀၀၀၀ ဝင်ဖို့တောင် မလွယ်တဲ့အတွက် အခ ုထိုင်းနိုင်ငံ ပန်းရံလုပ်သွားမှာက ကြားခံနဲ့ပါ ။ စရိတ်ငြိမ်း တစ်လ ကျပ်(၃၀၀၀၀၀)ရမယ်လို့ ပြောတဲ့အတွက် သွားမှာပါ” ဟုပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required