သင့်တော်တဲ့ အခြေအနေတစ်ရပ်အောက်မှာ အမေရိကန်နဲ့ ဆွေးနွေးသွားဖို့ ဆန္ဒရှိတယ်လို့ မြောက်ကိုရီးယား ပြော

သင့်တော်တဲ့ အခြေအနေတစ်ရပ်အောက်မှာ အမေရိကန်နဲ့ ဆွေးနွေးသွားဖို့ ဆန္ဒရှိတယ်လို့ မြောက်ကိုရီးယား ပြော

မေ ၁၃ ။            ။ သင့်တော်မှန်ကန်တဲ့ အခြေအနေတွေ ပေးလာခဲ့ရင်တော့ အမေရိကန်နဲ့ ဆွေးနွေးပြောဆိုသွားဖို့ အသင့်ရှိကြောင်း မြောက်ကိုရီးယားတို့ဘက်က ထုတ်ဖော်ပြောဆိုလိုက်တယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ကာလအတွင်း ပြုံယမ်းခေါင်းဆောင် ကင်မ်ဂျုံအန်းနဲ့ တွေ့ဆုံစကားပြောလိုတယ်ဆိုပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ဖော်ထားခဲ့ပြီးနောက် ယခုလို မြောက်ကိုရီးယားဘက်ကလည်း ၎င်းတို့ရဲ့ သဘောထားကို ထုတ်ဖော်လာတာဖြစ်ပါတယ်။

ယခု သဘောထားမှတ်ချက်ကိုတော့ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာန အမေရိကန်ရေးရာ ညွှန်ကြားရေးမှူးချုပ် ချိုဆွန်ဟွေက နော်ဝေခရီးစဉ်ကအပြန် ပေကျင်းမြို့မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ် ပြောဆိုသွားခဲ့တာဖြစ်တယ်လို့ တောင်ကိုရီးယားရဲ့ ယွန်ဟပ် သတင်းဌာနက ဖော်ပြပါတယ်။

ပြုံယမ်းအစိုးရအနေနဲ့ ထရမ့်အစိုးရနဲ့ တွေ့ဆုံဖို့ ပြင်ဆင်နေတာများ ရှိပါသလားဆိုပြီး သတင်းထောက်တွေရဲ့ မေးမြန်းမှုကိုတော့ ဖြေဆိုရာမှာတော့ " သင့်တော်တဲ့အချိန်ကျရင်တော့ ဆွေးနွေးပါမယ်" လို့ ချိုဆွန်ဟွေက ပြောသွားခဲ့ကြောင်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required