စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ခန္တီးရတနာမှော်များကို စစ်ဆေး

စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ခန္တီးရတနာမှော်များကို စစ်ဆေး

ခန္တီး၊ မေ ၁၂ ။             ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်းရှိ ရတနာနယ်မြေများဖြစ်သည့် နန်စီပွန်မှော်နှင့် မကျန်ခမှော်များသို့ မေလ ၁၂ ရက်၊ နံနက် ၁၁ နာရီက စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့သည်။

အဆိုပါ ရတနာမှော်များတွင် ရေမဆေးကျောက်ရှာဖွေသူများနှင့် ရတနာတူးဖော်နေကြသည့် ကုမ္ပဏီများကြားတွင် စွန့်ပစ်မြေစာပုံကိစ္စနှင့် ပတ်သက်၍ အငြင်းပွားမှုများဖြစ်ပွားလျက်ရှိသည်။

ထိုသို့အငြင်းပွားမှုများကို ပြေလည်အောင် ဖြေရှင်းပေးနိုင်ရန်အတွက် ယခုလိုသွားရောက်ကြည့်ရှု့ခဲ့ခြင်းဖြစ်သလို ရတနာတူးဖော်ခွင့်ရရှိထားသည့် ကုမ္ပဏီများ၏ လုပ်ကိုင်နေမှုအခြေအနေများကို သိရှိစေရန်အတွက်လည်းဖြစ်သည်။

"ကျွန်တော်ရထားတဲ့အချက်အလက်တွေနဲ့ အရမ်းကွားနေတယ်။ ယန္တယားအစီးအရေကအစ၊ လုပ်ကွက်သက်တမ်းတွေလည်း ပြန်ကြည့်မယ်။ အခုဟာအတော်ကို ပျက်စီးနေတယ်။ နိုင်ငံတော်မျက်နှာကြည့်ပြီးပဲလုပ်မယ်။"ဟု ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က အဆိုပါလုပ်ကွက်များကို စစ်ဆေးနေစဉ်ပြောသည်။

ယနေ့ တွေ့ရှိချက်များနှင့် ပတ်သက်၍ မေလ ၁၃ ရက်၊ နံနက် ၉ နာရီတွင် ခန္တီးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly