အမေရိကန် ရက်ပ်ပါ အဆိုတော် Soulja Boy မြန်မာနိုင်ငံသို့ ရောက်ရှိ

အမေရိကန် ရက်ပ်ပါ အဆိုတော် Soulja Boy မြန်မာနိုင်ငံသို့ ရောက်ရှိ
ဓာတ်ပုံ-သက်ကို/မဇ္ဈိမ
 

ရန်ကုန် ၊ မေ ၁၂။           ။ ဇွန်လတွင် ကျင်းပပြုလုပ်မည့်  Under Dawg Festival တွင် ပါဝင် ဖျော်ဖြေမည့် အမေရိကန်ရက်ပ်ပါ အဆိုတော်တစ်ဦးဖြစ်သည့် Soulja Boy သည် မေလ ၁၃ ရက်တွင် The Vibe Club ၌ ပြုလုပ်မည့် Road To UnDerDawg အတွက် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး ပရိသတ်များနှင့်လည်း တွေ့ဆုံခဲ့သည်။

Road To UnDerDawg @ The Vibe အတွက် ပါဝင်ဖျော်ဖြေမည့် Soulja Boy နှင့် စာနယ်ဇင်း မိတ်ဆက်ပွဲကို မေလ ၁၂ ရက် နေ့လည် ၁ နာရီ တွင် Junction City Promotion Area ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

စာနယ်ဇင်း မိတ်ဆက်ပွဲနှင့်အတူ  Soulja Boy ပရိသတ်များ အတွက် Artist Meet & Greet အစီအစဉ်များ ၊ Under Dawg Festival ပွဲ လက်မှတ် များ ကိုလည်း ကံစမ်း မဲဖောက်ပေးခြင်းတို့ ပြုလုပ်ခဲ့သလို Soulja Boy မှ ပရိသတ်များကို တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့သည်။

Soulja Boy မှ " မြန်မာပြည် လာရတဲ့ အတွက် အရမ်းဝမ်း သာပါတယ်။လေယာဉ်အချိန်အကြာကြီး စီးလာရပေမယ့် ဒီရောက်တဲ့ အခါ ပရိသတ်တွေ အများကြီးနဲ့ တွေ့ဆုံရတဲ့ အတွက် ဝမ်းသာပါတယ်" ဟု ပြောခဲ့သည်။

Under Dawg Festival တွင် နာမည်ကြီး အဆိုတော်များ ဖြစ်ကြသည့် ဂရမ်မီ ၃ ဆုရှင် အမေရိကန်ရက်ပ်ပါ Nelly ၊ တောင်ကိုရီးယား 2NE1 အဖွဲ့၏ ခေါင်းဆောင်ဟောင်း CL နှင့် ဂရမ်မီဆုစာရင်းဝင် ရက်ပ်ပါ Soulja Boy တို့က ဖျော်ဖြေတင်ဆက်ကြမည် ဖြစ်သည်။

ထိုဖျော်ဖြေပွဲကို ယခင်က  မေလ ၁၃ ရက်တွင် သုဝဏ္ဏဘူမိကွင်း၌  ကျင်းပပြုလုပ်ရန် စီစဉ်ထားသော်လည်း ပါဝင်ဖျော်ဖြေမည့် အနုပညာရှင်ထဲမှ NELLY ၏ မိသားစုအရေးပေါ် ကိစ္စများ နှင့် အတူ ပွဲကျင်းပ ပြုလုပ်ခွင့်အမိန့် ရရှိမှု နှောင့်နှေးမှုများကြောင့် ဇွန်လသို့ ပြောင်းရွှေ့ ကျင်းပခြင်း ဖြစ်သည်။

ဖျော်ဖြေပွဲ လက်မှတ်များကို CUBE B [ Standing ] အတွက် တစ်စောင်လျှင် ၃ဝဝဝဝကျပ် ၊CUBE A [ Standing] အတွက်ကို တစ်စောင်လျှင် ၆၅ဝဝဝကျပ် ၊ VIP [STANDING] တစ်စောင်လျှင် ၂ဝဝဝဝဝကျပ် ၊ VIP [SITTING] အတွက်ကို တစ်စောင်လျှင် ၃ဝဝဝဝဝကျပ်ဖြင့် သတ်မှတ်ထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly