အဆိုတော် X-Box ၏ 9 DVD အခွေ မေလ၂ဝရက်တွင် ထွက်ရှိမည်

အဆိုတော် X-Box ၏ 9 DVD အခွေ မေလ၂ဝရက်တွင် ထွက်ရှိမည်

ရန်ကုန်၊ မေ ၁၂ ။             ။ အဆိုတော် X-Box ၏ 9 ဟု အမည်ပေးထားသည့် တစ်ကိုယ်တော် တေးအယ်ဘမ် DVDကို မေလ ၂ဝရက်တွင် MBC Pictures (Myanmar Broadcasting) ကုမ္ပဏီ မှ မြန်မာတစ်နိုင်ငံလုံးသို့ ဖြန့်ချိသွားမည် ဖြစ်သည်။

ထို DVD ကို လူငယ်ဒါရိုက်တာများ၊ လူငယ် သရုပ်ဆောင်များစွာဖြင့် ရိုက်ကူးပုံဖော်ထားကာ မြူးဇစ်ပုံစံ၊ Story ပုံစံများဖြင့် ရိုက်ကူး ပုံဖော်ထားသည်ဟု မေလ ၁၁ရက်က Novotel ဟိုတယ်တွင် ပြုလုပ်သည့် X-Box၏ 9 DVB အကြောင်း သတင်းစာရှင်းလင်းပွဲမှ သိရသည်။

အဆိုတော် X-Box က "DVD အခွေအတွက် အများကြီး ကြိုးစားခဲ့ရတယ်။ သီချင်း ၂ပုဒ်ကိုတော့ စိတ်မကောင်းစွာနဲ့ ဖြုတ်ခဲ့ရတယ်။ အခွေရိုက်နေရင်းနဲ့ အချိန်မလောက်တော့တာရယ်၊ ဆင်ဆာတင် ဘာညာနဲ့ အဲ့ဒီ၂ပုဒ်က ရိုက်ဖို့ ကျန်ခဲ့တယ်။ ဒါပေမယ့် DVD အခွေမှာ လမ်းခွဲခဲ့ ဆိုတဲ့ သီချင်းအသစ်ကို ပရိသတ်နားထောင်ဖို့ထည့်ပေးထားပါတယ်" ဟု ပြောသည်။

Audio CD ကို ၂ဝ၁၆ ခုနှစ်တွင် ထွက်ရှိခဲ့ခြင်း ဖြစ်ပြီး တေးသီချင်း ၁၄ပုဒ်ပါဝင်ခဲ့ကာ DVD အခွေမှာတော့ တေးသီချင်း ၁၂ပုဒ်ပဲပါဝင်ပြီး အချစ် သီချင်းအသစ်တစ်ပုဒ်ကို ပရိသတ် အတွက် ထည့်သွင်းပေးထားခြင်း ဖြစ်သည်။

9 တေးအယ်ဘမ် DVD အခွေ ပရိုမိုးရှင်းပွဲကို ရန်ကုန်၊ မန္တလေးမြို့တွေအပြင် စင်္ကာပူနိုင်ငံတွင်လည်း ကျင်းပသွားမည်ဖြစ်သည်။

မေလ ၂ဝရက်သည် အဆိုတော် X-Box ၏ မွေးနေ့ဖြစ်သည့်အတွက် ရန်ကုန်မြို့ရှိ Juction Square ၌ ပြုလုပ်မည့် ပရိုမိုးရှင်းပွဲတွင် ပရိသတ်များနှင့်အတူ မွေးနေ့ကိတ်ခွဲရန် စီစဉ်ထားပြီး လက်ဆောင်များလည်း ပေးသွားမည် ဖြစ်သည်။

အဆိုတော် X-Box အနေဖြင့် ဒုတိယမြောက် တစ်ကိုယ်တော် တေးအယ်ဘမ်ကို ၁ဝလပိုင်းတွင် ထွက်ရှိနိုင်ရန် စီစဉ်ထားပြီး ပထမအခွေနှင့် မတူညီသည့် ရသများ ပါဝင်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags