စပျစ်စိုက်ပျိုးရေး (၆)

11 May 2017
စပျစ်စိုက်ပျိုးရေး (၆)
 

စပျစ်စိုက်ပျိုးနည်းစနစ်များအရ ပင်ထောင်စိုက်ပျိုးနည်း၊ ကြိုးတန်းစိုက်ပျိုးနည်း၊ စင်တင်စိုက်ပျိုးနည်းတွေပဲ ဖြစ်ပါတယ်။ စပျစ်ပင်တစ်တန်းနဲ့တစ်တန်း တစ်ပင်နဲ့ တစ်ပင်ကိုတော့ မျိုးကိုလိုက်ပြီး ၃ ပေမှ ၁၀ ပေအထိ ခြားပြီး စိုက်ပျိုးပေးရမှာဖြစ်ပါတယ်။

ပင်ထောင်စိုက်ပျိုးနည်းမှာတော့ အပင်ငယ်စဉ်က တိုင်ထောင်ပေးရပေမယ့် ပင်စည်တွေ တုတ်လာရင်တော့ တိုင်ကိုဖယ်ပေးရမှာ ဖြစ်ပါတယ်။ ပင်ထောင်စိုက်ပျိုးနည်းမှာတော့ စပျစ်အမြင့်က ၅ ပေခန့် ရှိပြီးတော့ စပျစ်တစ်ပင်ကို တိုင်တစ်တိုင်ထောင် ပေးထားရမှာဖြစ်ပြီး တိုင်နဲ့ ကပ်ချည်ထားပေးရမှာ ဖြစ်ပါတယ်။ ကြိုးတန်းတင်စိုက်ပျိုးရေးစနစ်မှာတော့ လေးကိုင်းတန်းတင်စနစ်၊ သုံးကိုင်းတန်းတင်စနစ်နဲ့ ယပ်တောင်တန်းတင်စနစ်တိုပဲ ဖြစ်ပါတယ်။ တိုင်များကိုတော့ တစ်တိုင်နဲ့တစ်တိုင် ပေ (၃၀)အတွင်း စိုက်ထူပြီးတော့သွပ်ကြိုးတန်းများကို တစ်တန်း၊ နှစ်တန်း စသည်ဖြင့် တန်းပြီးစပျစ်ကိုင်များကိုသွပ်ကြိုးတန်းမှားပေါ်တင်ပြီး စိုက်ပျိုးခြင်းပဲ ဖြစ်ပါတယ်။

စပျစ်ပင်သည် ကိုင်းပြုပြင်ပေးရန်အထူးလိုအပ်သောအပင်မျိုး ဖြစ်သည်။ အအေးပိုင်းတွင် ဆောင်းရာသီ၌ အရွက်များ အနားယူ၍နေလေသည်။ အကိုင်းပြုပြင်ခြင်းကို အအေးပိုင်း စပျစ်စိုက်ခင်းများတွင် ဇန်နဝါရီလကုန်၊ ဖေဖော်ဝါရီလဆန်းတွင် ပြုလုပ်ရပါသည်။ အပူပိုင်းစိုက်ခင်းများတွင် စပျစ်ပင်များသည် အနားယူခြင်းမရှိပါ။ ဆက်လက်၍ ကြီးထွားတတ်လေသည်။ နွေရာသီအခါအနည်းငယ်မျှသာ အရွက်ချတတ်လေသည်။ ထို့ကြောင့် အချိန်ရာသီအလိုက် သီးပွင့်နိုင်ရန် ပြုပြင်ကိုင်းဖြတ်ပေးရန် လိုသည်။ ကိုင်းဖြတ်ရန်အချိန်မှာ စက်တင်ဘာလ ၁၄ ရက်မှ အောက်တိုဘာလ ၁၅ ရက်အတွင်း ကိုင်းဖြတ်ပေးခြင်းအားဖြင့် အသီးများသည် နွေရာသီမတ်လနှင့် ဧပြီလများတွင် မှည့်ချိန်ရောက်သောကြောင့် မိုးလုံးဝကင်းသဖြင့် အသီးများပျက်စီးခြင်း၊ အချဉ်ဓာတ်များခြင်းတို့ကို ကာကွယ်နိုင်သည်။ ကိုင်းဖြတ်ပြုပြင်ချင်းကို ပြုလုပ်ရန်အတွက် အထူးကျွမ်းကျင်ရန် လိုအပ်ပါတယ်။ မိုးဦးနဲ့မိုးနှောင်းကာလတွေမှာ စပျစ်ပင်နဲ့စပျစ်တန်းများကို ပေါင်းမြက်များ ရှင်းလင်းပေးခြင်း၊ မြေဆွပေါင်းသင်ပေးခြင်း၊ မြေသြဇာကျွေးခြင်းတို့ကို ပြုလုပ်ပေးရပါမယ်။

ပိုးမွှားရောဂါအများအားဖြင့် ပင့်ကူနီရွက်စားပိုး၊ မှိုရောဂါများဖြစ်ပေါ်ခြင်းများ တွေ့ရှိရပါသည်။ သက်တမ်းမှာ လာဘရားစကားမျိုးသည် အနှစ် ၁၀၀ ကျော်မျှ ရှင်သန်နိုင်သည်။ ဝဲနီးဖီးယားမျိုးသည် အနှစ် ၅၀ မှ ၇၀ အထိ ရှင်သန်နိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly