ယခင်အစိုးရအနေဖြင့် ဖောင်ဒေးရှင်းရန်ပုံငွေအား ရယူထားခြင်းမရှိဘဲ လှူဒါန်းခဲ့ပြီးဖြစ်

ယခင်အစိုးရအနေဖြင့် ဖောင်ဒေးရှင်းရန်ပုံငွေအား ရယူထားခြင်းမရှိဘဲ လှူဒါန်းခဲ့ပြီးဖြစ်

ပုသိမ်၊ မေ ၁၁ ။           ။  ယခင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအနေဖြင့် ဧရာဝတီဘက်စုံဖွံဖြိုးရေးတိုးတက်ရေး ဖောင်းဒေရှင်းရန်ပုံငွေအား ရယူထားခြင်းမရှိဘဲ ဧရာဝတီပညာကျန်းမာဘက်စုံဖောင်ဒေးရှင်းသို့ ၂၀၁၆ ခုနှစ်က လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း မေလ ၁၁ ရက်တွင် မီဒီယာများသို့ နယ်လုံဝန်ကြီးဟောင်း ပညာကျန်းမာဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းက ပြောသည်။

ပထမအကြိမ် ဧရာဝတီတိုင်းဒေကြီးအစိုးရအဖွဲ့မှ ဖွဲ့စည်းထူထောင်ခဲ့သော ဧရာဝတီဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းရန်ပုံငွေမှ ပညာကျန်းမာဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းသို့ အလှူငွေ ၅.၂ဘီလီယံအား ၂၀၁၆ခုနှစ်တွင် ပေးအပ်လှူဒါန်းခဲ့ကြောင်းအား မေလ ၁၁ ရက်နေ့တွင် နယ်လုံဝန်ကြီးဟောင်းက  မီဒီယာများအား တွေ့ဆုံရှင်းလင်း ပြောခဲ့ခြင်းဖြစ်သည်။

ထိုသို့ လှူဒါန်းရခြငိးမှာ အစိုးရနေဖြင့် သီးခြားရန်ပုံငွေ ထားရှိ၍ မရသည့်အတွက် တိုင်းဒေသကြီးအကျိုးအတွက် ဖောင်ဒေးရှင်းထူထောင်ပြီး လုပ်ဆောင်ရကြောင်း၊ လက်ရှိအစိုးရအနေဖြင့်လည်း ထိုကဲ့သို့ တိုင်းဒေသကြီးအကျိုး လုပ်ဆောင်၍ကြောင်း ၎င်းက ဆိုသည်။

“တိုင်းဒေသကြီးအစိုးရအနေနဲ့ဒီငွေကို ပြန်လည်လွှဲပြောင်းနိုင်ဖို့အတွက် သမ္မတရုံးကို တင်တယ် ။ သူတို့ရည်ရွယ်ချက်ကောင်းတယ်။ ဘာကြောင့်လဲဆိုရင် ဒီငွေတွေကို ရရင် တိုင်းဒေသကြီးအတွက် ဘတ်ဂျက်မှာမပါတဲ့၊သို့သော် အစိုးရတစ်ရပ်အနေနဲ့ သီးခြားရန်ပုံငွေဆိုတာ ထားလို့မရဘူး၊ ကျွန်တော်တို့အစိုးရလက်ထက်မှာ သီးခြားရန်ပုံဆိုတာ ထားခွင့်မရှိပါဘူး။တကယ်လို့သာ သူတို့အနေနဲ့ဒီငွေကိုလက်ခံမယ်ဆိုရင် သီးခြားရန်ပုံငွေထားလို့ မရပါဘူး။ တကယ်လို့ သူတို့အနေနဲ့ လုပ်ချင်တယ်ဆိုရင် အရင်ဖောင်ဒေရှင်းလိုပဲ သီးခြားဖောင်းဒေရှင်းထောင်ပြီး တိုင်းဒေသကြီးအကျိုး အတွက် လုပ်လို့ရပါတယ်”ဟု ဧရာဝတီပညာကျန်းမာဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးမောင်မောင်ဝင်း နယ်လုံဝန်ကြီးဟောင်းက ရန်ပုံငွေကိစ္စအား ပြောသည်။

ရန်ပုံငွေမှာ ဖောင်းဒေရှင်းတစ်ခုမှ တစ်ခုသို့ လှူဒါန်းခြင်းဖြစ်ပြီး ငွေသားအနေဖြင့် ၃.၄၉ ဘီလီယံခန့်ရှိကြောင်း၊ အကျိုးတူလုပ်ထားတာမျိုး ရရန် ၁.၇ ဘီလီယံခန့်ရှိကာ စုစုပေါင်းဆို ၄.၇၆ ဘီလီယံလောက်ရှိကြောင်း ဆက်လက်ပြောသည်။

အဆိုပါ ရန်ပုံငွေကိစ္စနှင့်ပတ်သက်ပြီး  ယခင်အစိုးရမှ နောက်အစိုးရသို့ လွှဲပြောင်းပေးခြင်းမရှိ ဆိုသော ပြောဆိုချက်များ အနည်းငယ် လွဲနေသည်ဟု ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးဝင်းကိုကိုက ပြောသည်။

“ ရန်ပုံငွေကိစ္စနဲ့ပတ်သက်ပြီး ယခင်အစိုးရမှာ အစိုးရအဖွဲ့ငွေတွေကို စုဆောင်းထားပြီး နောက်အစိုးရအဖွဲ့ကို လွှဲမပေးသွားဘူးဆိုတဲ့ ပြောဆိုချက်တွေဟာ နည်းနည်းလွဲနေတယ်လို့ ကျွန်တော့အနေနဲ့တင်ပြခြင်းပါတယ်။ မီဒီယာတွေအပေါ်က ကြည့်တာပေါ့ ။ ၅ဘီလီယံနဲ့ ၇ဘီလီယံကြား ရှိလိမ့်မယ်ဆိုပြီး ဘယ်အပေါ်မှာ မူတည်ပြီးပြောလည်းမသိဘူး။ အရင် အစိုးရလက်ထက်မှာ ဖောင်းဒေရှင်းတစ်ခုရှိခဲ့တယ်။ နာမည်က ဧရာဝတီဘက်စုံဖွံဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း တရားဝင်ဖွဲ့စည်းခဲ့တယ်”ဟု ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးဝင်းကိုကိုက မဇ္ဈိမသို့ ပြောသည်။

ဥပဒေအရ အစိုးရအနေဖြင့် ငွေကြေးကိုင်ဆောင်ထားခွင့် စုဆောင်းထားခွင့်မရှိသောကြောင့် ဖောင်းဒေရှင်းတရားဝင်ထူထောင်ပြီး  ဧရာဝတီတိုင်းအကျိုးကို လိုလားသောလုပ်ငန်းရှင်များ ထည့်ဝင်ငွေနှင့် ဖောင်ဒေးရှင်းထူထောင်ခဲ့ခြင်း ဖြစ်သည်ဟု  ဘဏ္ဍာရေးဝန်ကြီးဟောင်းက ဆိုသည်။

အစိုးရသစ်ပြောင်းချိန်တွင် ၎င်းတို့အဖွဲ့အစည်းကဲ့သို့ လုပ်နိုင်စွမ်းရှိသော ဖောင်ဒေးရှင်းတစ်ခုသို့ ဆက်လက်လှူဒါန်းခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

“ကျွန်တော် ရဲရဲ အာမခံပါတယ် ။ မဟုတ်တာတွေ မလုပ်ခဲ့ပါဘူး။ စည်းစနစ်တကျ လုပ်ခဲ့ပါတယ်။ ကျွန်တော် ရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားပြီး နောက်အစိုးရပေါ်ပေါက်တော့မယ်အချိန်မှာ ဖောင်းဒေရှင်း အစည်းအဝေး ထိုင်ပါတယ်။ နောက်ထပ်ဖောင်းဒေရှင်းတစ်ခုလည်း အသစ်ဖွဲ့ထားတယ် ။ သူရဲ့ ရည်ရွယ်ချက်ကလည်း ကိုယ်နဲ့တူတယ် ။ လုပ်ဆောင်နိုင်စွမ်းလည်း ရှိတယ်။ ဒီငွေကြေးတွေ ကလည်း ဧရာဝတီဘက်စုံဖွံဖြိုးရေးဖောင်းဒေးရှင်းကဲ့သို့ ဆောင်ရွက်နိုင်တယ် ။ ပညာကျန်းမာဘက်စုံဖွံဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းကို လှူဒါန်းမယ်ဆို ပြီး အစည်းအဝေးဆုံးဖြတ်ချက်နဲ့  အညီ   နောက်ဖောင်းဒေရှင်းကို လွှဲပြောင်းပေးခဲ့တယ်။ တစ်ခုပြောစရာရှိတယ်။ ကျွန်တော်တို့ဒီအစိုးရကို ဘာလို့မလှူလဲ။ အစိုးရကို လှူရမယ်၊  အစိုးရဘဏ္ဍာငွေကြေးတစ်ခုမှ မပါလို့အစိုးကို မပေးခဲ့ခြင်း၊ မလှူဒါန်းခဲ့ခြင်း၊ မလွှဲခဲ့ခြင်းဖြစ်တယ် ” ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးဝင်းကိုကိုက ပြောဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required