တေးစီးရီး ဖြန့်ချိရေး နှင့် ရုပ်ရှင် ထုတ်လုပ်ဖြန့်ချိရေးတွေ လုပ်ဆောင် သွားမည့် MBC Pictures (Myanmar Broadcasting) ကုမ္ပဏီ

တေးစီးရီး ဖြန့်ချိရေး နှင့် ရုပ်ရှင် ထုတ်လုပ်ဖြန့်ချိရေးတွေ လုပ်ဆောင် သွားမည့် MBC Pictures (Myanmar Broadcasting) ကုမ္ပဏီ

ရန်ကုန် ၊ မေ ၁၁။             ။ ဖျော်ဖြေရေး ဖန်တီးမှုများကို လုပ်ဆောင်လျက် ရှိသည့်  MBC Pictures  (Myanmar Broadcasting) ကုမ္ပဏီ အနေဖြင့် တေးစီးရီး ဖြန့်ချိရေး နှင့် ရုပ်ရှင်ထုတ်လုပ်ဖြန့်ချိရေးကိုပါ  လုပ်ဆောင် သွားမည် ဖြစ်သည်။

MBC Pictures (Myanmar Broadcasting) တေးစီးရီး ဖြန့်ချိရေး နှင့် ရုပ်ရှင် ထုတ်လုပ်ဖြန့်ချိရေး ကုမ္ပဏီ မိတ်ဆက် ဖွင့်ပွဲအခမ်း အနား နှင့် စာနယ်ဇင်း မိတ်ဆက်ပွဲ ကို မေလ ၁၁ရက်တွင် ရန်ကုန်မြို့ ၊ ပြည်လမ်းရှိ Novotel Hotel ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ယင်းကုမ္ပဏီ သည် MBC Pictures ၊ MBC Online TV ၊ YST Music production အမည်များဖြင့် သက်ဆိုင်ရာ ဖန်တီးမှုများကို လုပ်ဆောင်လျက် ရှိသည်။

MBC Pictures အနေဖြင့် Short Film ပြိုင်ပွဲများ ပြုလုပ်ခြင်း ၊ သရုပ်ဆောင် ဝါသနာရှင်များ အတွက် မျက်နှာသစ် သရုပ်ဆောင် ရွေးချယ်ပွဲများ ပြုလုပ်ပေးရန် ရည်ရွယ်ထားရှိခြင်း ၊ TV Channel များ အတွက် Program ပေါင်းများစွာကို ရိုက်ကူး ထုတ်လုပ်ရန် ရည်ရွယ်ထားခြင်း ၊ မြန်မာ့ရုပ်သံဇာတ်လမ်းတွဲ အသစ်များအား ရိုက်ကူး ထုတ်လုပ်ပေးရန် ရည်ရွယ်ထားရှိခြင်း ၊ မြန်မာရုပ်ရှင် ဇာတ် ကားကြီးများကိုလည်း ရိုက်ကူး ၊ ထုတ်လုပ် ၊ ဖြန့်ချိခြင်းများ ပြုလုပ်ရန် ရည်ရွယ်ထားခြင်း တို့ကို ဆောင်ရွက်သွားရန် စီစဉ်ထားသည်။

MBC Online TV အမည်ဖြင့် Entertainment, Infotainment ဟု ကဏ္ဍခွဲများနှင့် Weekly Program ရိုက်ကူးထုတ်လွှင့်လျက် ရှိသည်။

ထို့အပြင် မော်ဒယ် လုလုအောင် နှင့် Fit & Fine Program ရိုက်ကူး ထားသလို စားသောက်ဆိုင် မိတ်ဆက် ၊ Fashion ဆိုင် မိတ်ဆက် Program များ ထုတ်လွှင့်ရန် ရိုက်ကူးထားပြီး ဖြစ်သည်။

အပတ်စဉ် ထွက်ရှိလာမည့် နိုင်ငံတကာနှင့်မြန်မာ့ရုပ်ရှင် ၊ ဗီဒီယို ဇာတ်ကားများကို အပါတ်စဉ် မိတ်ဆက်ပေးသည့် အစီအစဉ်များ ၊ ရုပ်ရှင် ၊ ဂီတ ၊ စာပေ ၊ ပန်းချီ စသည့် အနုပညာလုပ်ငန်းများ၏ လှုပ်ရှားမှုသတင်းများ ၊ MTV နှင့် ရုပ်ရှင်ဇာတ်လမ်းများ ၊ Photo Shotting ရိုက်ကူးရေး ပုံရိပ်များ ၊ နိုင်ငံတကာ နှင့် ပြည်တွင်းမှ တေးဂီတ ၊ ရုပ်ရှင်အနုပညာနှင့် ဆက်စပ်သော သတင်းများ ၊ အနုပညာရှင် သတင်းများ ၊ မြန်မာနိုင်ငံတွင် ကျင်းပခဲ့သည့် ပြပွဲ အခမ်းအနားများ ၊ မိတ်ဆက်ပွဲများ ၊ ပြိုင်ပွဲများ စသည့် အောင်မြင် ကျော်ကြားနေသည့် ပွဲသတင်းများကို အစီအစဉ်ဆွဲကာ ရိုက်ကူး တင်ဆက်လျက် ရှိသည်။

ထို့အပြင် ကျန်းမာရေး အသိပေး ကဏ္ဍများ ပညာရေးလမ်းညွှန် အစီအစဉ်များ Fashion အကြောင်း သိကောင်းစရာများနှင့် ခရီးသွား အသိပညာပေး Program များ ရိုက်ကူး တင်ဆက်ရန် အစီအစဉ်ဆွဲလျက် ရှိသည်။

MBC Pictures (Myanmar Broadcasting) ကုမ္ပဏီ အနေဖြင့် YST Music Production အမည်ဖြင့် တေးစီးရီးများ ထုတ်လုပ်ခြင်း ၊ ဖြန့်ချိခြင်း ၊ အဆိုတော်များ တက်သစ်စ တေးသံရှင်များ အတွက် အသံသွင်းရုံ သာမက နောက်ဆုံးပေါ် Audio စက်ပစ္စည်းများ ၊ တူရိယာများဖြင့် ခေတ်ပေါ်တေး ၊ ဂီတများကို တီးခတ်နိုင်ခြင်း ၊ အသံသွင်းရာတွင် ကျွမ်းကျင်သည့် Audio Engineer များဖြင့် အသံဖမ်းခြင်း ၊ အဆိုတော် အသစ် အဆိုတော်ဟောင်းများနှင့် လက်တွဲပြီး Music Album များ ၊ Music Video များကို ထုတ်လုပ်လျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly