ယူရိုပါလိဂ်ကို အာရုံစိုက်ထားခြင်းမှာ အလောင်းအစားပြုလုပ်နေခြင်းမဟုတ်ဟု မော်ရင်ဟို ဆို

ယူရိုပါလိဂ်ကို အာရုံစိုက်ထားခြင်းမှာ အလောင်းအစားပြုလုပ်နေခြင်းမဟုတ်ဟု မော်ရင်ဟို ဆို

မေ ၁၁၊ အင်္ဂလန် ။            ။ ယူရိုပါလိဂ်ကို အာရုံစိုက်ထားခြင်းမှာ အလောင်းအစားပြုလုပ်နေခြင်းမဟုတ်ကြောင်း မန်ယူနည်းပြမော်ရင်ဟိုက ဆယ်လ်တာဗီဂိုနှင့်ကစားရမည့် ယူရိုပါလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုလိုက်သည်။

မော်ရင်ဟိုသည့် အာဆင်နယ်ကို ၂-၀ ဂိုးဖြင့် ရှုံးခဲ့သည့်ပွဲတွင် ပွဲထွက်ကစားသမားအပြောင်းအလဲ ၈ ဦးအထိ ပြုလုပ်ခဲ့သည့်အတွက် ဝေဖန်မှုများနှင့်ရင်ဆိုင်ခဲ့ရသည်။

ထို့ကြောင့် မော်ရင်ဟိုက ‘အခြေအနေက ရိုးရှင်းပါတယ်။ ကစားသမား ၁၆ ယောက်တည်းနဲ့ ၇ ပတ်အတွင်းမှာ ၁၇ ပွဲကစားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါက အလောင်းအစားလုပ်ခဲ့တာလည်း မဟုတ်ပါဘူး။ ရိုးရှင်းတဲ့ ဆုံးဖြတ်ချက်ပါ။ လက်ရှိအခြေအနေအပေါ်မူတည်ပြီး ချခဲ့တဲ့ ဆုံးဖြတ်ချက်ပါ’ ဟု ပြောဆိုခဲ့သည်။

မန်ယူအသင်းသည် ဆယ်လ်တာဗီဂိုအသင်းကို ပထမအကျော့အဝေးကွင်းတွင် ဝ-၁ ဂိုးဖြင့် အနိုင်ရရှိထားသည်။ ယခုဒုတိယအကျော့တွင် ရလဒ်ကောင်းခဲ့ပါက လိုင်ယွန်နှင့်အေဂျက်ဇ်တို့မှ အနိုင်ရလာသည့်အသင်းနှင့် ဗိုလ်လုရမည်ဖြစ်သည်။ ယူရိုပါလိဂ်ဖလားကိုရယူနိုင်ပါက ချန်ပီယံလိဂ်ပြိုင်ပွဲကို တိုက်ရိုက်ဝင်ခွင့်ရမည် ဖြစ်သည်။

မော်ရင်ဟိုက ယူရိုပါလိဂ်ဖလားမရခဲ့လျှင်လည်း နောင်တရမည် မဟုတ်ဟု ဆိုသည်။ ‘ဆယ်လ်တာဗီဂိုနဲ့ပွဲမှာ ဘယ်လိုရလဒ်မျိုး ဖြစ်လာခဲ့ပါစေ ကျွန်တော်ကတော့ နောင်တရမှာ မဟုတ်ပါဘူး။ ကျွန်တော်နဲ့ မန်ယူအသင်းသားအားလုံးကတော့ ကျွန်တော်တို့ တတ်နိုင်သလောက် အစွမ်းကုန်ကြိုးစားသွားကြမှာပါ’ ဟု မော်ရင်ဟိုက ဆိုခဲ့သည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required