ရော့ကီနှင့် ရမ်ဘို ဇာတ်ကားများထဲမှ အမှတ်တရ ပစ္စည်း အချို့ကို ရမ်ဘိုမင်းသား Stallone ကအောက်တိုဘာလထဲ တွင်လေလံတင်ရောင်းချမည်

ရော့ကီနှင့် ရမ်ဘို ဇာတ်ကားများထဲမှ အမှတ်တရ ပစ္စည်း အချို့ကို ရမ်ဘိုမင်းသား Stallone ကအောက်တိုဘာလထဲ တွင်လေလံတင်ရောင်းချမည်

ရမ်ဘိုမင်းသား Sylvester Stallone သည် ရော့ကီနှင့် ရမ်ဘို ဇာတ်ကားများထဲတွင် အသုံးပြု ခဲ့သော အမှတ်တရ ပစ္စည်းများနှင့် ဝတ်စုံများကို အောက်တိုဘာလထဲတွင် လေလံတင် ရောင်းချသွား မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

လေလံတင်ရောင်းချမည့် အမှတ်တရ ပစ္စည်းများထဲတွင် ရမ်ဘို၏ ဓားနှင့် ရော့ကီ၏ လက်ဝှေ့ ထိုး လက်အိတ်များလည်း ပါဝင်မည် ဖြစ်သည်။

လေလံပွဲမှ ရရှိမည့် ငွေကြေးအမြတ်အစွန်းများထဲမှ အချို့ကို စစ်ဘက်မှ ပုဂ္ဂိုလ်များအား ငွေကြေး အကူအညီပေးသောအားဖြင့် လှူဒါန်းသွားရန် Stallone က စီစဉ်နေသည်။

“ကျွန်တော် သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကောင်တွေအတွက် စိတ်ကူးစိတ်သန်းတွေ ရရှိစေခဲ့တဲ့ ပြင်ပလောကထဲက တကယ့်လူတွေကို ပြန်ပြီး ပေးအပ်လှူဒါန်းသွားဖို့ပါ” ဟု Stallone က ဆိုသည်။

ကွယ်လွန်သူ အမေရိကန် ရုပ်ရှင်မင်းသား Johy Wayne အမှတ်တရပစ္စည်း လေလံပွဲကို မကြာသေးခင်က ပြုလုပ်ခဲ့ရာ ထိုလေလံပွဲကြောင့် ယခုကဲ့သို့ စိတ်ကူးပေါ်လာရခြင်းဖြစ်ကြောင်း အသက် ၆၉ နှစ် အရွယ် Stallone က ပြောသည်။ သူ၏ အမှတ်တရ ပစ္စည်းများအား တန်ဖိုးထား ဝယ်ယူကြသည်ကို သူ အသက်ရှင်နေစဉ်ကာလတွင် တွေ့မြင်ချင်ကြောင်း သူက ပြောသည်။

Ref: Sky News

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly