စပျစ်သီးကို နည်းစနစ်ကျ ဘယ်လိုစိုက်ကြမလဲ

08 May 2017
စပျစ်သီးကို နည်းစနစ်ကျ ဘယ်လိုစိုက်ကြမလဲ

ဒီတစ်ပတ်မှာတော့ စပျစ်သီးပင်ကို နည်းစနစ်ကျ ဘယ်လိုစိုက်ကြမလဲ၊ ဘယ်ရာသီတွေက စပျစ်စိုက်ဖို့ အကောင်းဆုံးလဲဆိုတာကို ပြောပြပေးမှာပါ။

စပျစ်စိုက်ပျိုးနည်းစနစ်များအရ ပင်ထောင်စိုက်ပျိုးနည်း၊ ကြိုးတန်းစိုက်ပျိုးနည်း၊ စင်တင်စိုက်ပျိုးနည်းတွေပဲ ဖြစ်ပါတယ်။ စပျစ်ပင်တစ် တန်းနဲ့တစ်တန်း တစ်ပင်နဲ့တစ်ပင်ကိုတော့မျိုးကိုလိုက်ပြီး ၃ပေမှ၁၀ပေထိ ခြားပြီးစိုက်ပျိုးပေးရမှာဖြစ်ပါတယ်။

ပင်ထောင်စိုက်ပျိုးနည်းမှာတော့ အပင်ငယ်စဉ်ကတိုင်ထောင်ပေးရပေမယ့် ပင်စည်တွေတုတ်လာရင်တော့ တိုင်ကိုဖယ်ပေးရမှာဖြစ်ပါတယ်။ ပင်ထောင်စိုက်ပျိုးနည်းမှာတော့ စပျစ်အမြင့်က ၅ပေခန့်ရှိပြီးတော့ စပျစ်တပင်ကို တိုင်တစ်တိုင်ထောင်ပေးထားရမှာဖြစ်ပြီး တိုင်နဲ့ကပ်ချည်ထားပေးရမှာဖြစ်ပါတယ်။ ကြိုးတန်းတင်စိုက်ပျိုးရေးစနှစ်မှာတော့ လေးကိုင်းတန်းတင်စနစ်၊ သုံးကိုင်းတန်းတင်စနစ်နဲ့ ယပ်တောင်တန်းတင်စနစ်တိုပဲဖြစ်ပါတယ်။ တိုင်တွေကိုတော့ တစ်တိုင်နဲ့တစ်တိုင် ပေ (၃၀)အတွင်း စိုက်ထူပြီးတော့ သွပ်ကြိုးတန်းတွေကို တစ်တန်းနှစ်တန်းစသဖြင့် တန်းပြီးစပျစ်ကိုင်များကို သွပ်ကြိုးတန်းမှားပေါ်တင်ပြီး စိုက်ပျိုးခြင်းပဲဖြစ်ပါတယ်။ စပျစ်ပင်သည် ကိုင်းပြုပြင်ပေးရန် အထူးလိုအပ်သော အပင်မျိုးဖြစ်သည်။

အအေးပိုင်တွင် ဆောင်းရာသီ၌ အရွက်များ အနားယူ၍နေလေသည်။ အကိုင်းပြုပြင်ခြင်းကို အအေးပိုင်းစပျစ်စိုက်ခင်းများတွင် ဇန်နဝါရီလကုန် ဖေဖော်ဝါရီလဆန်းတွင် ပြုလုပ်ရပါသည်။ အပူပိုင်းစိုက်ခင်းများတွင် စပျစ်ပင်များသည်အနားယူခြင်းမရှိပါ။ ဆက်လက်၍ ကြီးထွားတတ်လေသည်။ နွေရာသီအခါ အနည်းငယ်မျှသာ အရွက်ချတတ်လေသည်။ ထို့ကြောင့် အချိန်ရာသီအလိုက် သီးပွင့်နိုင်ရန် ပြုပြင်ကိုင်းဖြတ် ပေးရန်လိုသည်။ ကိုင်းဖြတ်ရန်အချိန်မှာစက်တင်ဘာလ၁၄ရက်မှ အောက်တိုဘာလ ၁၅ရက်အတွင်း ကိုင်းဖြတ်ပေးခြင်းအားဖြင့် အသီးများသည် နွေရာသီ မတ်လနှင့်ဧပြီလများတွင် မှည့်ချိန်ရောက်သောကြောင့် မိုးလုံးဝကင်းသဖြင့် အသီးများပျက်စီးခြင်း၊ အချဉ်ဓာတ်များခြင်းတို့ကို ကာကွယ်နိုင်သည်။

ကိုင်းဖြတ်ပြုပြင်ခြင်းကို ပြုလုပ်ရန်အတွက် အထူးကျွမ်းကျင်ရန်လိုအပ်ပါတယ်။ မိုးဦးနဲ့မိုးနှောင်းကာလတွေမှာ စပျစ်ပင်နဲ့ စပျစ်တန်းများကို ပေါင်းမြက်များရှင်းလင်းပေးခြင်း   မြေဆွပေါင်းသင်ပေးခြင်း၊   မြေသြဇာကြွေးညခင်းတို့ကို ပြုလုပ်ပေးရပါမယ်။ ပိုးမွှားရောဂါအများအားဖြင့် ပင့်ကူနီရွက်စားပိုး၊ မှိုရောဂါများဖြစ်ပေါ်ခြင်းများတွေ့ရှိရပါသည်။ သက်တမ်းမှာ လာဘရားစကားမျိုးသည်   အနှစ်၁၀၀ကျော်မျှ ရှင်သန်နိုင်သည်။ ဝဲနီးဖီးယားမျိုးသည် အနှစ်၅၀မှ ၇၀အထိရှင်သန်နိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly