မြန်မာပြည်သိန်းတန်၏ အန်ကယ်ကနိုးပါမအားသေးဘူး(နိဗ္ဗာန်ဆော် ဓမ္မတေး) ထွက်မည်

မြန်မာပြည်သိန်းတန်၏ အန်ကယ်ကနိုးပါမအားသေးဘူး(နိဗ္ဗာန်ဆော် ဓမ္မတေး) ထွက်မည်

ရန်ကုန်၊ မေ ၈ ။          ။ အဆိုတော် မြန်မာပြည်သိန်းတန်၏ အန်ကယ်ကနိုးပါမအားသေးဘူး(နိဗ္ဗာန်ဆော် ဓမ္မတေး) အမည်ရှိ တေးအယ်ဘမ်ကို မေလ ၁၀ရက်တွင် ရတနာမြိုင် တေးသံသွင်းမှ မြန်မာတစ်နိုင်ငံလုံးသို့ ဖြန့်ချိသွားမည် ဖြစ်သည်။

အန်ကယ်ကနိုးပါမအားသေးဘူး(နိဗ္ဗာန်ဆော် ဓမ္မတေး) တေးအယ်ဘမ်တွင် ပါဝင်သည့် တေးသီချင်းများမှာ ကိုယ်တိုင်ရေးသားထားခြင်းဖြစ်ပြီး မြန်မာပြည်သိန်းတန် အမေရိကန်နိုင်ငံတွင်   နေထိုင်စဉ်ကတည်းက ရေးသားထားခြင်း ဖြစ်သည်။

တေးအယ်ဘမ် အမည်ကို Myanmar Idol Season 2 တွင် ၎င်း သုံးနှုန်းခဲ့သည့် အန်ကယ်ကတော့ No ပါ စကားလုံးကို ပရိတ်သတ်များက ကြိုက်နှစ်သက်ပြီး အားပေးကြသည့်အတွက် ထိုစကားလုံးကို အသုံးပြုထားခြင်း ဖြစ်သည်ဟုဆိုသည်။

ထိုးတေးအယ်ဘမ်တွင် တေးသီချင်း ၁၀ပုဒ် ပါဝင်ပြီး ခေတ်ပေါ်ဓမ္မတေးသံစဉ်များ ပါဝင်ကာ အပ္ပါယ် ၄ဘုံ၊ လူ့ဘုံ၊ နတ်ပြည် ၆ဘုံ၊ ဗြမ္မာပြည် ၂၀ဘုံ စုစုပေါင်း ၃၁ဘုံတွင် ကျင်လည်ရခြင်း အကြောင်းအရာများကို ရေးစပ်ထားခြင်း ဖြစ်သည်။

အန်ကယ်ကနိုးပါမအားသေးဘူး(နိဗ္ဗာန်ဆော် ဓမ္မတေး) တေးအယ်ဘမ် ပရိုမိုးရှင်းပွဲကို မေလ ၁၀ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး နေ့လည် ၁နာရီတွင် Happy World ၊ နေ့လည် ၃နာရီတွင် Happy Zone ၊ ညနေ ၅နာရီတွင် ကျိုက္ကဆံ Super One ၌ အနုပညာ မောင်နှမများနှင့် လက်မှတ်ရေးထိုးပြီး ရောင်းချသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required