အာဆင်နယ်အတွက် ဝမ်းသာသည်ဟု မော်ရင်ဟိုပြော

အာဆင်နယ်အတွက် ဝမ်းသာသည်ဟု မော်ရင်ဟိုပြော

မေ ၈၊ လန်ဒန်။         ။ နောက်ဆုံးတွင် အာဆင်နယ်ပရိသတ်များ အမ်းမရိတ်စ်ကွင်းမှ အပြုံးနှင့်ထွက်ခွာခွင့်ရသွားသည်ကို မြင်တွေ့ရသည့်အတွက် ဝမ်းသာသည်ဟု မန်ချက်စတာယူနိုက်တက်နည်းပြ မော်ရင်ဟိုက ပြောသည်။

“နောက်ဆုံးမှာတော့ ဒီကွင်းကနေ အာဆင်နယ်ပရိသတ်တွေရဲ့အပြုံးတွေနဲ့အတူ ကျွန်တော်ထွက်ခဲ့ပါပြီ။ အာဆင်နယ်ပရိသတ် တွေ ပျော်နေကြပြီး ကျွန်တော်လည်းသူတို့အတွက် ဝမ်းသာပါတယ်။

ဒါကပထမဆုံးအကြိမ်ဖြစ်ပြီး သူတို့လည်းပျော်နေကြတယ်။ ကျွန်တော်ဝမ်းသာပါတယ်။ ဘာကြောင့်လည်းဆိုတော့ သူတို့ဟာ အံ့မခန်းကလပ်တစ်ခုပါ။

ကျွန်တော် ဟိုက်ဘူရီက ပြန်တဲ့အချိန်မှာ သူတို့ငိုခဲ့ကြရတယ်။ အမ်းမရိတ်စ်ကနေပြန်တော့လည်း သူတို့တွေ စိတ်ဖိစီးမှုတွေနဲ့ ခေါင်းငိုက်စိုက်ချပြီး မျက်ရည်တွေနဲ့ ပြန်ခဲ့ကြရတယ်။ ဒီနေ့တော့ လည်စည်းပုဝါတွေယမ်းပြီး ပြန်သွားကြတယ်။

အာဆင်နယ်က အသင်းကြီးတစ်သင်းပါ။ အာဆင်နယ်လိုအသင်းကြီးတစ်သင်းက ဆုဖလားတွေမရတာကို ကျွန်တော်ပျော်နေ မယ်ထင်လား။ မပျော်ပါဘူး။ ဒါပေမဲ့ ဒီနေ့မှာ ကျွန်တော်အနိုင်ရဖို့ ကြိုးစားခဲ့ပါတယ်။

အာစင်ဝင်းဂါးက နည်းပြလေးတစ်ယောက်မဟုတ်ပါဘူး။ နည်းပြကြီးပါ။ သူ့ကိုပွဲတွေအများကြီးနိုင်ဖို့ဆိုတာက သာမန်မဟုတ်ပါ ဘူး။ သာမန်ဆိုတာက အနိုင်၊ အရှုံး၊ သရေပါ။ ဒီနေ့မှာ ကျွန်တော်အဲဒါကို လုံးဝဂရုမစိုက်ခဲ့ပါဘူး။

ကျွန်တော်တို့ကြားမှာ ပြဿနာမရှိပါဘူး။ ပွဲမတိုင်ခင်မှာရော ပွဲအပြီးမှာပါ ကျွန်တော်တို့ လက်ဆွဲနှုတ်ဆက်ခဲ့ကြပါတယ်။ ပွဲချိန်ထဲ တုန်းက ကျွန်တော်ဘယ်တုန်းကမှ မကြိုက်တဲ့ပုံစံမျိုးကိုတော့ သဘောမကျပါဘူး။ စတုတ္ထဒိုင်ကို သူဖိအားပေးလွန်းတယ်။ တစ်ချိန်လုံးပဲ”ဟု မော်ရင်ဟိုက ပြောသည်။

နည်းပြနှစ်ဦးသည် မော်ရင်ဟို ချယ်လ်ဆီးနည်းပြအဖြစ် အင်္ဂလန်သို့စတင်ရောက်ရှိသည့် ၂၀၀၄ ကတည်းက ကတောက်ကဆ များစွာဖြစ်ခဲ့ကြပြီး တနင်္ဂနွေနေ့ကပွဲတွင်လည်း ချမ်ဘာလိန်ကို ရွန်နီ၏ရင်ဆိုင်ကစားပုံနှင့်ပတ်သက်ပြီး စကားများခဲ့ကြသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required