ပြင်သစ်သမ္မတရွေးကောက်ပွဲ၌ မက်ခရွန်အနိုင်ရရှိ

ပြင်သစ်သမ္မတရွေးကောက်ပွဲ၌ မက်ခရွန်အနိုင်ရရှိ

တနင်္လာနေ့အစောပိုင်း၌ မဲများကိုရေတွက်အပြီးတွင် ဆိုရှယ်လစ်ဘရယ်ကိုယ်စားလှယ်လောင်း အီမန်နျူရယ် မက်ခရွန်သည် ပြင်သစ်သမ္မတရွေးကောက်ပွဲ ဒုတိယအချီ၌ စုစုပေါင်း မဲအရေအတွက် ၆၆.၀၆ ရာခိုင်နှုန်းခန့် ရရှိခဲ့ပြီး သူ၏ပြိုင်ဘက် လက်ယာယိမ်းကိုယ်စားလှယ်လောင်း မာရင်းလီပန်က မဲအရေအတွက် ၃၃.၉၄ ရာခိုင်နှုန်းသာ ရရှိခဲ့သောကြောင့် မက်ခရွန်က ရွေးကောက်ပွဲ၌ အနိုင်ရရှိခဲ့သည်။

ပြည်ထဲရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ကြေညာချက်အရ စီးပွားရေးဝန်ကြီးဟောင်းဖြစ်သူ မက်ခရွန်အား မဲပေးထောက်ခံသူမှာ နိုင်ငံလူဦးရေ၏ ၂၀.၇သန်းခန့်ရှိခဲ့ပြီး သူ၏ပြိုင်ဘက် မာရင်းလီပန်ကို ထောက်ခံသူအရေအတွက်မှာ ၁၀.၆သန်း ခန့် ရှိခဲ့ကြောင်းသိရသည်။

မက်ခရွန်၏ အကြီးမားဆုံးအောင်မြင်မှုမှာ ပဲရစ်မြို့၌ဖြစ်ပြီး ထိုမြို့မှသူ့အား ထောက်ခံသူ ၉၀ ရာခိုင်နှုန်းခန့်ရှိခဲ့ သလို ပြင်သစ်ပိုင်နက်ဖြစ်သော ဟော့တ်ဒီစိန့် နှင့် ဗယ်ဒီမာနီတို့မှလည်း ထောက်ခံသူ ၈၀ ရာခိုင်နှုန်းခန့်ရရှိခဲ့ သည်။ မာရင်းလီပန်အား အဓိကထောက်ခံသူများမှာ ပြင်သစ်နိုင်ငံမြောက်ပိုင်း အန်းစ်နှင့် ပတ်စ်ဒီကာလီတို့မှ ဖြစ်ပြီး ထိုဒေသမှ ထောက်ခံသူအရေအတွက် ၅၂ ရာခိုင်နှုန်းခန့်ရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly