​ပြည်မြို့ ဧရာဝတီမြစ်ကမ်းနားချောက်ထဲ ကားတစ်စီးထိုးကျ

​ပြည်မြို့ ဧရာဝတီမြစ်ကမ်းနားချောက်ထဲ ကားတစ်စီးထိုးကျ

ပြည်၊ မေ ၇ ။           ။ ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့တွင် မေလ ၇ ရက် နေ့လည် ၂ နာရီ ၄၀ခန့်က ဧရာဝတီမြစ်ကမ်းနားချောက်ထဲသို့ ကားတစ်စီးထိုးကျခဲ့သည်။

“လူကတော့ဘာမှ မဖြစ်ဘူး။ ပွန်းရုံပဲ့ရုံလောက်ဘဲရှိတယ်” ဟု မျက်မြင်တစ်ဦးကဆိုသည်။

ပြည်မြို့ ကမ်းနားလမ်း တရုတ်ဘုံကျောင်းရှေ့တွင် မြောက်ဘက်မှ တောင်ဘက်သို့မောင်းနှင်လာသော တိုယိုတာ အမျိုးအစားကွန်တိန်နာကားသည် ပလက်ဖောင်ပေါ်မှ ကျော်တက်ပြီး လမ်းဘေးရှိ မျိုးမျိုးကွမ်းယာဆိုင်ကို ဝင်တိုက်ပြီး ချောက်ထဲ ထိုးကျသွားခဲ့ခြင်းဖြစ်သည်။

၎င်းယာဉ် ထိုးကျသွားသည့် နေရာသို့ ကိုးသောင်းခရမ်းကုန်းမီးသတ်မှ ဦးဟန်ရွှေနှင့် အဖွဲ့လာရောက်ပြီး ကူညီကယ်ဆယ်ရေး လုပ်ငန်းများပြုလုပ်နေသည်။ ယာဉ်မတင်ရန် ကတိန်းကားလည်း   ရောက်ရှိနေပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required