လှိုင်းဘွဲမြို့နယ်နှင့် ဘားအံမြို့ ရေကြီး လူ ၁၄၀၀ ကျော် ဘေးသင့်

လှိုင်းဘွဲမြို့နယ်နှင့် ဘားအံမြို့ ရေကြီး လူ ၁၄၀၀ ကျော် ဘေးသင့်

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်နှင့် ဘားအံမြို့နယ်အတွင်း ဇူလိုင် ၂၉ ရက်တွင် မိုးအဆက်မပြတ်ရွာသွန်းသဖြင့် လှိုင်းဘွဲမြို့နယ်၊ ရွှေဂွန်းကျေးရွာနှင့် ဘားအံမြို့တို့မှ အိမ်ထောင်စုပေါင်း ၂၉၃ စုမှ လူစုစုပေါင်း ၁၄၈၄ ဦးကို ဘေးလွတ်ရာသို့ ပို့ဆောင်ထားရကြောင်း သိရသည်။

ဘားအံမြို့ရှိ အထက်ဘုန်းတော်ကြီးကျောင်း၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၊ ပြည်နယ်အားကစားရုံ၊ ရွှေယဉ်မျှော်ဘုရားသို့လည်း အသီးသီးနေရာချထားခဲ့သည်။

အဆိုပါ ရေဘေးသင့်သူများအား ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် တင်မောင်ဝင်းတို့က သောက်သုံးရေနှင့် ဆန်များ ထောက်ပံ့ခဲ့သည်ဟုဆိုသည်။
Source - Myawady

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly