စပျစ်ပင်ကို ဘယ်လိုစိုက်ပျိုးမလဲ

07 May 2017
စပျစ်ပင်ကို ဘယ်လိုစိုက်ပျိုးမလဲ

စပျစ်ပင်ဟာ ဆားပါတဲ့မြေကလွဲပြီးတော့ အခြား မည်သည့်မြေအမျိုးအစားမဆို စိုက်ပျိုးဖြစ်ထွန်းနိုင်ပါတယ်။ ထုံးခြောက်မြေ၊ သဲဆန်သောမြေ မြေမွစတဲ့နေရာတွေမှာဆိုရင်တော့ ပိုမိုဖြစ်ထွန်းပြီးတော့ ဆားနယ်မြေဆွေးမှာဆိုရင်တော့ ပေါက်ဖွားမှုနှုန်း နှေးကွေးတက်ပါတယ်။

စပျစ်စိုက်ပျိုးဝင်ငွေတိုး (အပိုင်း ၂)

ကျွန်တော်တို့ ရိုက်ကူးရေးအဖွဲ့သားတွေ ရောက်ရှိနေတဲ့ နေရာကတော့ ရမည်းသင်းမြို့နယ်၊ ရွာတန်းကျေးရွာမှာပဲ ဖြစ်ပါတယ်။ ရွာတန်းကျေးရွာမှာတော့ စပျစ်စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားရေးတရပ်အနေနဲ့ အဓိလုပ်ကိုင်နေကြတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် စပျစ်စိုက်မျိုးရေးအကြောင်းကို စပျစ်စိုက်တောင်သူကြီးတွေနဲ့ တွေ့ဆုံရိုက်ကူး တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။

စပျစ်စိုက်ပျိုးခြင်း အပိုင်း(၃)

အခုတင်ဆက်ပေးမှာကတော့ စပျစ်ပင်ကို ကိုင်းဆက်စိုက်ပျိုးခြင်းအကြောင်းပဲဖြစ်ပါတယ်။ ကိုင်းဆက်ပြီး (၃)
ပတ်အကြာမှာတော့ အခုမြင်တွေ့နေရတဲ့အတိုင်းပဲ အကိုင်းလေးတွေ ရှင်သန်လာမှာပဲဖြစ်ပါတယ်။ ရှင်သန်ရန်အတွက် အဓိကလိုအပ်ချက်ကတော့ ရေပေးရေယူမျှတဖို့ လိုအပ်ပါတယ်။ ကိုင်းကူူးစိုက်ပျိုးရာမှာတော့ ကူးမယ့်ကိုင်းက လုံးချောပြီးနေရပါမယ်။ နွဲ့နွဲ့နှောင်းနှောင်းကိုင်းတွေဆိုရင်တော့ ရေဓတ်နဲ့ အစာဓတ်ကို ရောက်အောင်မပို့နိုင်တဲ့အတွက် အောက်ခံကိုင်းအဖြစ် အသုံးပြုရန် မသင့်တော်ပါဘူး။ အောက်ခံကိုင်းပေါ်မှာ ကူးမယ့်မျက်လုံးကလဲ အရည်အသွေးကောင်းရန် လိုအပ်ပါတယ်။ ရောဂါပါတဲ့ကိုင်းတွေကို ကူးမိရင်လဲ ရောဂါနဲ့ မွေးလာတဲ့လူလိုပဲ အဆင်မပြေဖြစ်ရပါတယ်။ အသီးလဲမသီးဖြစ်တက်ပါတယ်။

စပျစ်စိုက်ပျိုးခြင်း (၄)

စပျစ်ပင်ရဲ့ ကိုင်းဆက်စိုက်ပျိုးခြင်းနဲ့ အောင်မြင်နေတဲ့အပင်တစ်ပင်ပဲဖြစ်ပါတယ်။ သက်တမ်းကတော့ (၄)ပတ်သားခန့်ရှိနေပါပြီ။ ထွက်လာတဲ့ကိုင်းကိုလဲ သေသေချာချာပြုစုပေးရမှာဖြစ်ပါတယ်။ ဒီမျိုးကတော့ မျိုးသစ် စပိန်မျိုးဖြစ်တဲ့အတွက် ကြောင့် ကိုင်းသစ်တွေထွက်လာတာနဲ့ အသီးအပွင့်တွေပါလာတာပဲဖြစ်ပါတယ်။

မျိုးဟောင်းတွေဖြစ်တဲ့ အီတလီမျိုးတွေမှာတော့ အခုလိုမပါလာပါဘူး။ အခုမျိုးသစ်စပိန်မျိုးကတော့ အလုံးကြီးမယ်၊ အနက်ရောင်ပိုသန်းတယ်၊ ပိုချိုတယ်၊ စားလို့လဲရသလို ဝိုင်ချက်လို့လဲ ရပါတယ်။ ဘယ်စပျစ်ပင်အမျိုးစားမဆို ကိုင်းမွေးချင်းလုပ်ငန်းကိုတော့ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ သားတက်ကိုင်းတွေကို မွေးထားပြီး (၅)လပိုင်း၊ (၆)လပိုင်းလောက်မှာ ကိုင်းမွေးရင်အောက်တိုဘာလ နိုဝင်ဘာလမှာ ကိုင်းအရင့်တွေရမှာဖြစ်ပါတယ်။ အဲဒီကိုင်းတွေကိုမှ တပေပတ်ချာလည်ကိုင်းပြန်ဖြတ်ပြီးအသီးခိုင်းရတာပဲဖြစ်ပါတယ်။ (၁၀)လပိုင်း (၁၁)လပိုင်းမှာ ကိုင်းဖြတ်တယ်ဆိုရင် (၂)လပိုင်း (၃)လပိုင်းမှာ အသီးပေါ်မှာဖြစ်ပါတယ်။

ပြုစုရတဲ့နေရာမှာတော့ အရမ်းအရေးကြီးပါတယ်။ ရောဂါလား ပိုးလားမှိုလားဆိုတာကို ခွဲခြားတက်ဖို့လိုပါတယ်။ ဓာတ်မြေသြဇာကိုလဲ တစ်ရေကျော်နှစ်ရေကျော် ကျွေးပေးဖို့ လိုအပ်ပါတယ်ခင်ဗျာ။

စပျစ်စိုက်ပျိုးရေး(၅)

စပျစ်စိုက်ပျိုးနည်းစနစ်များအရ ပင်ထောင်စိုက်ပျိုးနည်း၊ ကြိုးတန်းစိုက်ပျိုးနည်း၊ စင်တင်စိုက်ပျိုးနည်းတွေပဲ ဖြစ်ပါတယ်။ စပျစ်ပင်တစ်တန်းနဲ့ တစ်တန်း တစ်ပင်နဲ့တစ်ပင်ကိုတော့ မျိုးကိုလိုက်ပြီး ၃ပေမှ ၁၀ပေထိခြားပြီး စိုက်ပျိုးပေးရမှာဖြစ်ပါတယ်။

ပင်ထောင်စိုက်ပျိုးနည်းမှာတော့ အပင်ငယ်စဉ်က တိုင်ထောင်ပေးရပေမယ့် ပင်စည်တွေတုတ်လာရင်တော့ တိုင်ကို ဖယ်ပေးရမှာဖြစ်ပါတယ်။ ပင်ထောင်စိုက်ပျိုးနည်းမှာတော့ စပျစ်အမြင့်က ၅ပေခန့်ရှိပြီးတော့ စပျစ်တပင်ကို တိုင်တစ်တိုင်ထောင်ပေးထားရမှာဖြစ်ပြီး တိုင်နဲ့ကပ်ချည်ထားပေးရမှာဖြစ်ပါတယ်။ ကြိုးတန်းတင်စိုက်ပျိုးရေးစနှစ်မှာတော့ လေးကိုင်းတန်းတင်စနစ်၊ သုံးကိုင်းတန်းတင်စနစ်နဲ့  ယပ်တောင်တန်းတင်စနစ်တိုပဲဖြစ်ပါတယ်။ တိုင်များကိုတော့ တစ်တိုင်နဲ့ တစ်တိုင် ပေ (၃၀)အတွင်း စိုက်ထူပြီးတော့ သွပ်ကြိုးတန်းများကို တစ်တန်းနှစ်တန်းစသဖြင့် တန်းပြီး စပျစ်ကိုင်များကို သွပ်ကြိုးတန်းမှားပေါ်တင်ပြီး စိုက်ပျိုးခြင်းပဲဖြစ်ပါတယ်။ စပျစ်ပင်ဟာ ကိုင်းပြုပြင်ပေးရန် အထူးလိုအပ်တဲ့ အပင်မျိုးဖြစ်တယ်။ အအေးပိုင်တွင်ဆောင်းရာသီမှာ အရွက်များအနားယူပြီးနေလေတယ်။

အကိုင်းပြုပြင်ခြင်းကို အအေးပိုင်းစပျစ်စိုက်ခင်းများမှာ ဇန်နဝါရီလကုန် ဖေဖော်ဝါရီလဆန်းမှာ ပြုလုပ်ရပါတယ်။ အပူပိုင်းစိုက်ခင်းများတွင် စပျစ်ပင်များဟာ အနားယူခြင်းမရှိပါ။ ဆက်လက်ပြီးကြီးထွားတတ်ပါတယ်။ နွေရသီအခါအနည်းငယ်မျှသာ အရွက်ချတတ်ပါတယ်။ ဒါ့ကြောင့် အချိန်ရာသီအလိုက် သီးပွင့်နိုင်ရန် ပြုပြင်ကိုင်းဖြတ်ပေးရန်လိုပါတယ်။ ကိုင်းဖြတ်ရန်အချိန်မှာ စက်တင်ဘာလ ၁၄ရက်မှ အောက်တိုဘာလ ၁၅ရက်အတွင်း ကိုင်းဖြတ်ပေးခြင်းအားဖြင့် အသီးများဟာ နွေရာသီမတ်လနှင့်ဧပြီလများမှာ မှည့်ချိန်ရောက်တာကြောင့် မိုးလုံးဝကင်းသဖြင့် အသီးများ ပျက်စီးတာ၊ အချဉ်ဓာတ်များတာတို့ကို ကာကွယ်နိုင်ပါတယ်။

ကိုင်းဖြတ်ပြုပြင်ချင်းကို ပြုလုပ်ရန်အတွက် အထူးကျွမ်းကျင်ရန် လိုအပ်ပါတယ်။ မိုးဦးနဲ့ မိုးနှောင်းကာလတွေမှာ စပျစ်ပင်နဲ့စပျစ်တန်းများကို ပေါင်းမြက်များရှင်းလင်းပေးတာ၊ မြေဆွပေါင်းသင်ပေးတာ၊ မြေသြဇာကြွေးညခင်းတို့ကို ပြုလုပ်ပေးရပါမယ်။ ပိုးမွှားရောဂါအများအားဖြင့် ပင့်ကူနီရွက်စားပိုး၊ မှိုရောဂါများဖြစ်ပေါ်ခြင်းများတွေ့ရှိရပါတယ်။ သက်တမ်းမှာ လာဘရားစကားမျိုးဟာ အနှစ် ၁၀၀ကျော်မျှ ရှင်သန်နိုင်ပါတယ်။ ဝဲနီးဖီးယားမျိုးဟာ အနှစ် ၅၀မှ ၇၀အထိ ရှင်သန်နိုင်ပါတယ်။

စပျစ်စိုက်ပျိုးရေး (၆)

အခုဆိုရင်တော့ ကျွန်တော်တို့အဖွဲ့သားတွေက ခူးဆွတ်ရန်အသင့်ဖြစ်နေတဲ့ စပျစ်ခင်းထဲကို ရောက်ရှိနေပြီပဲဖြစ်ပါတယ်ခင်ဗျာ။ ဒါကြောင့်ခူးဆွတ်နိုင်မယ့် အခြေအနေနဲ့ဈေးကွက်အကြောင်းကို ရိုက်ကူးတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ။ ဈေးကွက်တည်ငြိမ်မှုကတော့ အမြဲတမ်းမရှိဘူးခင်ဗျ။ အထူးသဖြင့် မိုးတွင်းကာလတွေမှာ စပျစ်သီးက အချိုဓတ်လျော့နည်းလာတက်ပါတယ်။ ဒါကြောင့်ဈေးကွက်က လျော့နည်းလာပါတယ်။ နွေရာသီမှာကတော့ စပျစ်သီးတွေဟာ စားလို့အကောင်းဆုံးဖြစ်ပြီး ဈေးကွက်ကလဲ အမြင့်ဆုံးပဲဖြစ်ပါတယ်။ စပျစ်သီးကို ဆွတ်ယူပြီးရင်တော့ တပတ်အတွင်းသာ အထားခံပေမယ့် ဆွတ်ယူခြင်းမပြုပဲ အပင်မှာ ထားမယ်ဆိုရင်တော့ လအနည်းငယ်လောက်အထိ အထားခံမှာဖြစ်ပါတယ်။ အချို့အသီးများကိုတော့ လက်လုပ်ဝိုင်အဖြစ် ပြုလုပ်ရောင်းရတာပဲဖြစ်ပါတယ်ခင်ဗျာ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required