မင်းတုန်းချောင်းကူးတံတား (ရေနံ့သာ) ရေလျှံ

မင်းတုန်းချောင်းကူးတံတား (ရေနံ့သာ) ရေလျှံ

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် မင်းတုန်းချောင်းရေမှ ရေနံ့သာကျေးရွာအနီး သရက်-ကံမ-ပြည် မော်တော်ကားလမ်းပေါ်ရှိ မင်းတုန်းချောင်းကူးတံတား (ရေနံ့သာ) ၏ မြောက်ဘက် တံတားချည်းကပ်လမ်းပေါ်သို့ ဇူလိုင် ၃၁ မနက်မှ စတင်၍ နေ့လည်ပိုင်းအထိ ချောင်းရေများဖြတ်သန်း စီးဆင်းလျှက်ရှိသည်။

အဆိုပါစီးဆင်းနေသော ချောင်းရေများမှာ တံတားကြမ်းခင်းနှင့် ထိကပ်လာပြီး ချည်းကပ်လမ်းတာဘောင်ပေါ်တွင် အကျယ်ပေ ၂၀၀ ခန့် ဖြတ်သန်းစီးဆင်းကာ ရေစီးအလွန်ကြမ်းသဖြင့် မော်တော်ယာဉ်များ၊ ခြေလျင်သွားသူများ ဖြတ်သန်းသွားလာ၍မရပဲ ဖြစ်နေသည်။

Source - ကျော်ဇေယျဝင်း (iprd)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly