Miss Myanmar World 2017 ဆန်ခါတင် အလှမယ်များကို ဇွန် ၅ရက် နောက်ဆုံး Vote လုပ်နိုင်

Miss Myanmar World 2017 ဆန်ခါတင် အလှမယ်များကို ဇွန် ၅ရက် နောက်ဆုံး Vote လုပ်နိုင်

ရန်ကုန် ၊ မေ ၆။                ။ Miss Myanmar World 2017 အလှမယ် ပြိုင်ပွဲအတွက် ရွေးချယ်ထားသည့် ဆန်ခါတင် အလှမယ် အယောက် ၂၀ထဲမှ မိမိကြိုက်နှစ်သက်သည့် အလှမယ်ကို ဇွန်လ ၅ရက် နောက်ဆုံးထားပြီး SMS အပြင် အွန်လိုင်းမှလည်း မဲပေးနိုင်ပြီ ဖြစ်သည်။

Miss Myanmar World 2017 အလှမယ် ပြိုင်ပွဲ အတွက် လာရောက် လျှောက်ထားကြသည့်သူများထဲမှ ဆန်ခါတင် အယောက် ၄၀ကို ဦးစွာ ရွေးချယ်ခဲ့ပြီး ထို အယောက် ၄၀ထဲမှ အယောက် ၂၀ ကို ထပ်မံ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ထို အလှမယ် ရွေးချယ်ပွဲကို ပထမဆုံး အကြိမ်အဖြစ် Forever BEC-Tero မှ ၂၀၁၄ ခုနှစ်မှ စတင် ကျင်းပ ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ယခုအခါတွင် စတုတ္ထအကြိမ်မြောက် အဖြစ် ကျင်းပပြုလုပ်သည့် ပြိုင်ပွဲ တစ်ခုလည်း ဖြစ်သည်။

Miss Myanmar World 2017 ပြိုင်ပွဲ အတွက် ဆန်ခါတင်အဖြစ် ရွေးချယ်ခြင်း ခံရသည့် အယောက် ၂၀ သည် လက်ရှိတွင် Miss Myanmar World Organization နှင့်အတူ ယခင်နှစ်များနှင့် မတူညီသည့် Activities များကို တစ်လခွဲကြာပြုလုပ်လျက်ရှိပြီး  ပြိုင်ပွဲ အတွက် လိုအပ်သည့် သင်ကြားမှုပိုင်းများကို Show Director Mr. Brian Jeremiah မှ သင်ကြားပေးလျက် ရှိသည်။

ဆန်ခါတင် အလှမယ် အယောက် ၂၀ ကို မိမိကြိုက်နှစ်သက်သည့် ပြိုင်ပွဲဝင်၏ code number ကို ရိုက်ထည့် ပြီး  Telenor 6666 ၊ Oredoo 6002 သို့ SMS ပေးပို့ပြီး Votingပေးလို့ ရသလို Online မှ voting ပေးပို့သူများ အနေဖြင့် လူတစ်ဦးလျှင် တစ်နေ့လျှင် ၁ ကြိမ် မိမိ အနှစ်သက်ဆုံး အလှမယ်ကို Vote ပေးနိုင်ပြီ ဖြစ်သည်။

Miss Myanmar World 2017 နောက်ဆုံးပြိုင်ပွဲကြီးကို ဇွန်လ ၁၀ရက်တွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားပြီး ထိုယှဉ်ပြိုင်မှုများကို Channel-7 ရုပ်သံလိုင်းတွင် တိုက်ရိုက်ထုတ်လွှင့် ပြသသွားမည် ဖြစ်သည်။

Miss Myanmar World Organization မှ Miss Myanmar World 2017 အဖြစ် ရွေးချယ်ခြင်း ခံရသူကို ကျပ် သိန်း ၁၀၀ ၊ 1st runner up ကို ကျပ် သိန်း ၃၀ ၊ 2nd runner up ကို ကျပ် သိန်း ၂၀ ချီးမြှင်မည် ဖြစ်ပြီး ရွှေနန်းတော် စိန်ရွှေရတနာဆိုင်မှ ဖန်တီးပေးမည့် Crown ကိုလည်း ချီးမြှင့်သွားမည် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly