ကျွန်းလှသီတဂူဗုဒ္ဓတက္ကသိုလ်တွင် ဒီပလိုမာသင်တန်း ဖွင့်လှစ်မည်

ကျွန်းလှသီတဂူဗုဒ္ဓတက္ကသိုလ်တွင် ဒီပလိုမာသင်တန်း ဖွင့်လှစ်မည်
(မေလ ၄ရက်နေ့က ကျွန်းလှ သီတဂူဗုဒ္ဓတက္ကသိုလ်တွင် ဒီပလိုသင်တန်းဖွင့်လှစ်ရန် ညှိနှိုင်းအစည်းအဝေးကို ၎င်းတက္ကသိုလ် အစည်းအဝေးခန်းမတွင် ပြုလုပ်နေစဉ်။ ဓာတ်ပုံ-နေခြည်သစ်)

မော်လိုက်၊ မေ ၆     ။                   ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်ရှိ ကျွန်းလှသီတဂူဗုဒ္ဓတက္ကသိုလ်တွင် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှစတင်၍ ဗုဒ္ဓစာပေဒီပလိုမာ ၂ နှစ်သင်တန်းကို ဇူလိုင် ၂ ရက်တွင် စတင်ဖွင့်လှစ်သင်ကြားပေးသွားမည်ဟု စစ်ကိုင်းမြို့International Buddhist Education Center မှ ဥက္ကဋ္ဌဆရာတော် ဦးသောဘိတ(IBEC)က မဇ္ဈိမကို မိန့်ကြားသည်။

ထိုသို့ဖွင့်လှစ်နိုင်ရန်အတွက် ညှိနှိုင်းအစည်းအဝေးကို မေလ ၄ ရက်၊ နံနက်ပိုင်းက ကျွန်းလှမြို့၊ သီတဂူဗုဒ္ဓတက္ကသိုလ်အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်ဟု ဆရာတော်က မိန့်သည်။

အဆိုပါသင်တန်းသို့ မြန်မာနိုင်ငံအတွင်းရှိ ရဟန်းသံဃာတော်များလည်းလျောက်ထားနိုင်သလို လူပုဂ္ဂိုလ်များလည်းလျောက်ထားတက်ရောက်နိုင်သည်ဟု ဆရာတော် ဦးသောဘိတ(IBEC)ကမိန့်ဆိုသည်။

"ဆရာတော်သံဃာတော် အပါ ၄၀ နှင့်လူပုဂ္ဂိုလ် ၄၀ ဦးတို့ကိုလက်ခံသင်ကြားပေးပါမယ်။လူပုဂ္ဂိုလ်တွေအနေနဲ့ ၁၀တန်းအောင်ကနေ၊ ဘွဲ့ရသူအထိလျှောက်လို့ရပါတယ်။"ဟု ဆရာတော် ဦးသောဘိတ(IBEC)ကမိန့်ကြားသည်။

အဆိုပါဒီပလိုမာသင်တန်းတွင် ဗုဒ္ဓစာပေဘာသာရပ်၊စီမံခန့်ခွဲမှုဘာသာရပ်၊အင်္ဂလိပ်စာ၊ကွန်ပျူတာနည်းပညာနှင့်ဘာသာရေးတို့ကို အထူးပြုသင်ကြားပေးသွားမည်ဟု ဆရာတော် ဦးသောဘိတ(IBEC)က မိန့်ဆိုသည်။

ထိုသို့ဒီပလိုမာတန်းများဖွင့်လှစ်သင်ကြားပြီးပါက BA,MA သင်တန်းများလည်း ဆက်လက်ဖွင့်လှစ်သင်ကြားပေးသွားမည်ဟု ဆရာတော် ဦးသောဘိတ(IBEC)ကမန့်ဆိုသည်။

သီတဂူဗုဒ္ဓတက္ကသိုလ်(ကျွန်းလှ)ကို ၂၀၁၆ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်မှစတင်တည်ဆောက်နေခဲ့ပြီး လက်ရှိပြီးစီးနေသည့် အဆောင်များတွင် ဒီပလိုမာတန်းကို ဖွင့်လှစ်သင်ကြားမှာဖြစ်ပြီး ကျန်ရှိနေသည့်အဆောက်အဦးများကိုလည်း ဆက်လက်တည်ဆောက်လျှက်ရှိသည်။

"တစ်ဖက်ကတည်ဆောက်ရေးလုပ်ငန်းတွေလုပ်ရင်း တသ်ဖက်က တက္ကသိုလ်ရဲ့ပညာရေးတွေကို လုပ်ဆောင်သွားပါမယ်။"ဟု ဆရာတော် ဦးသောဘိတ(IBEC)က မိန့်ကြားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required