ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း ဘားအံရေဘေးသင့်သူများအား လှူဒါန်း

ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း ဘားအံရေဘေးသင့်သူများအား လှူဒါန်း
photo - သတင်းစဉ်

ဇူလိုင် ၃၁ ။        ။ နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းသည် ဇူလိုင် ၃၀ ရက်က ဘားအံမြို့၊ ရွှေယဉ်မျှော်ဘုရားတွင် ဖွင့်ထားသည့် ရေဘေး ကယ်ဆယ်ရေး စခန်း မှရေဘေးသင့်သူများအား ဆန်အိတ် ၁၀၀၊ စားသုံးဆီ ၂၀၄ ဗူးနှင့် ခေါက်ဆွဲဖာကြီး ၅ ဖာတို့အား ထောက်ပံ့လှူဒါန်းခဲ့သည်။
 
ထို့ပြင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များလိုက်ပါလျက် ဘားအံမြို့ရှိ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူငယ်များ ပညာသင်တန်းကျောင်းသို့ ရောက်ရှိခဲ့ပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ ကာထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
 
ဇူလိုင် ၂၉ ကလည်း ဘားအံမြို့ ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၌ ပြုလုပ်သည့် မြိုင်ကြီးငူဆရာတော် ဦးသုဇန၏ ၇၆ နှစ်မြောက်မွေးနေ့အခမ်းအနားသို့ တက်ရောက်ပြီး ဝါဆိုသင်္ကန်းများ ဆပ်ကပ်လှူဒါန်း ခဲ့သေးသည်။
 Source - သတင်းစဉ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly