ဘောလုံးဒိုင်လူကြီးသင်တန်း အမျိုးသမီးများပါ တက်နိုင်မည်

ဘောလုံးဒိုင်လူကြီးသင်တန်း အမျိုးသမီးများပါ တက်နိုင်မည်

ရန်ကုန် ၊ မေ ၅ ။            ။  ဘောလုံးဒိုင်လူကြီးသင်တန်းကို သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသူ မည်သူမဆို လျှောက်ထားနိုင်ပြီး အမျိုးသမီးပါ တက်ရောက်နိုင်သည်ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒိုင်လုပ်ငန်းဌာန မှ သိရသည်။

အဆိုပါသင်တန်းအား ဘောလုံးဒိုင်လူကြီးသင်တန်း ၁/၂၀၁၇ ကို မေလ ၁၉ ရက်နေ့မှ ၂၅ ရက်နေ့အထိ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး စည်းကမ်းချက်များ သတ်မှတ်ထားသည်။

မျက်မှန် မတပ်ဆင်ထားသူများ ကျန်းမာကြံ့ခိုင်သူများ၊ အခြေခံပညာအထက်တန်း အဆင့်ရှိသူများ၊ အသက် ၃၀ နှစ်အထက် ကျော်လွန်သူများ မဖြစ်ရန် စသည့် အရည်အချင်းများ သတ်မှတ်ထားသည်။

စိတ်ပါဝင်စားပြီး သင်တန်းတက်ရောက်လိုသူများအနေဖြင့် မြန်မာနိုင်ငံ ဘောလုံအဖွဲ့ချုပ် ဒိုင်လုပ်ငန်းဌာန (သုဝဏ္ဏ ဘောလုံးကွင်း)၊ ဖုန်း- ၀၁ ၅၇၂၇၉၄ ၊ ၀၉ ၉၇၉၀၀၉၅၄၈ သို့ ဆက်သွယ်စုံစမ်းနိုင်သည်ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required