ရေဘေးဒုက္ခသည် ကလေးမြို့ခံများထံ အစိုးရအကူအညီ ကြန့်ကြာနေ

ရေဘေးဒုက္ခသည် ကလေးမြို့ခံများထံ အစိုးရအကူအညီ ကြန့်ကြာနေ

ရာဇဂြိုလ်ဆည်ကျိုး၍ ရေဘေးဒုက္ခ ခံစားနေရသည့် ကလေးဒေသခံများကို ကူညီရန် စစ်ကိုင်းတိုင်း အစိုးရက လှေ၈စီးကို ကလေးသို့ ပို့ရန် ကြိုးစားနေပြီး ဇူလိုင် ၃၁ရက် ညနေ ၄နာရီခွဲအထိ ကလေးဝအထိသာ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်နိုင်ပြီး ရာသီဥတုအခြေအနေကြောင့် ကလေးမြို့သို့ ခရီးမဆက်နိုင်သေးဘဲ ဖြစ်နေသည်ဟု စစ်ကိုင်းတိုင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးရွှမ်ဟရဲက မဇ္ဈိမကို ပြောသည်။ 

ယင်းအပြင် ကယ်ဆယ်ရေးပစ္စည်းများပါသည့် လေယာဉ် နှစ်စင်းကိုလည်း လွှတ်ရန် ကြိုစားနေပြီး လေယာဉ်များမှာ မုံရွာလေဆိပ်တွင်ပင် သောင်တင်နေသေးသည်ဟု ၎င်းက ပြောသည်။ 

ဒေသခံများ၏ ပြောပြချက်အရ လက်ရှိတွင် အစိုးရက ထိထိရောက်ရောက် ကူညီနိုင်ခြင်း မရှိသေးသေးသော်လည်း ကမ္ဘောဇ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် Sky Net တို့က စားနပ်ရိက္ခာ ထောက်ပံ့မှုများရှိနေသည်ဟု သိရသည်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့ ရာဇဂြိုလ်ဆည် ရေပိုလွှဲတံခါး ဇူလိုင် ၃၁ရက် နေ့လည် ၁နာရီကျော်က ကျိုးသွားခဲ့ပြီး ရွာပေါင်း ၂၂ရွာ ရေနစ်မြုပ်ကာ ဒေသခံများ အမြင့်ပိုင်းသို့ ပြောင်းရွှေ့နေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required