မက္ကစီကို၌ အပြန်အလှန်ပစ်ခတ်မှုများကြောင့် လောင်စာဆီသူခိုး ၆ဦးနှင့် စစ်သား ၄ဦး သေဆုံး

မက္ကစီကို၌ အပြန်အလှန်ပစ်ခတ်မှုများကြောင့် လောင်စာဆီသူခိုး ၆ဦးနှင့် စစ်သား ၄ဦး သေဆုံး

 မေ ၅ ။            ။ မက္ကဆီကိုအလယ်ပိုင်းတွင် လောင်စာဆီသူခိုးဟု သံသယရှိရသူများနှင့် စစ်သားများကြား အပြန်အလှန် ပစ်ခတ်မှုများကြောင့် စစ်သား ၄ ဦးအပါအဝင် စုစုပေါင်း ၁၀ဦးခန့် သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ကြာသာပတေးနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ပွယ်ဘလာမြို့အပြင်ဘက်ရှိ ပယ်လ်မာဒီဘရာဗိုမြို့နယ်အတွင်း၌ ဆီမှောင်ခိုသူခိုးများနှင့် စစ်သားများကြား တိုက်ခိုက်မှုအများအပြား ဖြစ်ပွားခဲ့ပြီး စစ်သား ၁၁ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း အရာရှိများက ပြောခဲ့သည်။

အမျိုးသမီးတစ်ဦးအပါအဝင် ဆီသူခိုးဟုသံသယရှိရသူ ၆ဦးခန့်သည် ပစ်ခတ်မှုအတွင်း သေဆုံးခဲ့ကြောင်း ဒေသတွင်းအစိုးရအာဏာပိုင်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဒီရိုဒိုရိုကာရက်စ်ကို၏ အဆိုအရသိရသည်။

အရာရှိများက မူးယစ်မှောင်ခိုသမားများသည် အလုပ်အမျိုးမျိုးကို ပြောင်းလဲလုပ်ကိုင်နေကြပြီး တစ်ခါတစ်ရံတွင် နိုင်ငံတော်ရေနံစီးပွားရေးလုပ်ငန်း Pemex မှ ပိုင်ဆိုင်သော ပိုက်လိုင်းများကို ခိုးယူနေကြကြောင်း ပြောခဲ့သည်။  

ပွယ်ဘလာမြို့သည် ရေနံသူခိုးများ မကြာခဏထကြွရာ ဒေသတစ်ခုဖြစ်ပြီး ၎င်းတို့ကြောင့် Pexmex လုပ်ငန်းစု သည် ရေနံထုတ်ယူရာတွင် နှစ်စဉ် ဒေါ်လာ ၂ ဘီလျံခန့် ကုန်ကျနေရကြောင်း အရာရှိများက ပြောခဲ့သည်။

လောင်စာဆီသူခိုးများနှင့် စစ်သားများကြား အပြန်အလှန်ပစ်ခတ်မှုပြီးနောက်တွင် ဆန္ဒပြသမှုများပေါ်ပေါက်လာ ပြီး ဆန္ဒပြသူများက ကားလမ်းမများအား လမ်းကြောင်းပိတ်ဆို့ထားလျက်ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required