ဗြိတိန်ရောက် ဒေါ်အောင်ဆန်းစုကြည် ချားလ်စ်မင်းသားနှင့် တွေ့ဆုံဆွေးနွေးမည်

ဗြိတိန်ရောက် ဒေါ်အောင်ဆန်းစုကြည် ချားလ်စ်မင်းသားနှင့် တွေ့ဆုံဆွေးနွေးမည်

ဥရောပ သုံးနိုင်ငံ ခရီးစဉ်အတွင်း ယခုအခါ လန်ဒန်မြို့တော်မှာ ရောက်ရှိနေပြီ ဖြစ်တဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗြိတိန်အိမ်ရှေ့စံ ချားလ်စ်မင်းသားတို့   တွေ့ဆုံဆွေးနွေးသွားဖို့ ရှိနေကြောင်း သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

ယခု တွေ့ဆုံမှုဟာ ၎င်းတို့နှစ်ဦးရဲ့ သုံးကြိမ်မြောက် တွေ့ဆုံမှုလည်း ဖြစ်လာဖို့ရှိနေတယ်လို့ သိရပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပခရီးစဉ်အဖြစ် ဘယ်လ်ဂျီယံ၊ အီတလီတို့ကို ရောက်ရှိခဲ့ပြီးနောက် ယခုအခါ ဗြိတိန်နိုင်ငံသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ် နဲ့ ဗြိတိန် အိမ်ရှေ့စံတို့ဟာ Clarence House တော်ဝင်ဂေဟာ မှာ တွေ့ဆုံဆွေးနွေးကြမှာ ဖြစ်တယ်လို့ သိရပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ယခု ဥရောပခရီးစဉ်အတွင်း ဘယ်လ်ဂျီယံ၊ အီတလီတို့က နိုင်ငံ့အကြီးအကဲတွေ၊ အီးယူ တာဝန်ရှိသူတွေ၊ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အစရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ထားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags